Friday, March 7, 2014

ဝါးလုံးရှည်အောက်က ဘ၀တွေ

ဒါက စစ်တုရင်အကွက် ကျားခုံ မဟုတ်
ဘ၀တွေအများကြီးခင်းထားရတယ်
ဆန္ဒတွေအများကြီးရင်းထားရတယ်
ခင်ဗျားတို့ရဲ့ အတ္တ တစ်ခုအတွက်
မအော်လိုက်ပါနဲ့ chess လို့

ပေးဆပ်သူတွေ ရယူသူတွေ
ဘာမှန်းမသိပဲ ခဲမှန်ရတဲ့ သူတွေ
လှေကားထစ်လို လူတွေ
ရင်ဘက်ဖွင့်ကားပေးတဲ့လူတွေ
ဘ၀တစ်ခုလုံး ပုံပေးထားတဲ့သူတွေ
အကြောင်းပြချက်မရရှာတဲ့ မြေစာပင်တွေ
ခံယူချက်ကို သွေးနဲ့ သမိုင်းရေးပေးတဲ့ သူတွေ

ဘယ်လိုလူစားပဲ ဖြစ်ဖြစ်
ဝါလုံးနောက်မှာ မနေနိုင်ရင်တော့
အတုန်းရုန်း ပါပဲ
သူတို့ကတော့ . . .
အာဏာကို မျက်လုံးမှာ စည်း ခပ်ပြင်းပြင်း
လွဲ ရိုက်နေဦးမှာပဲ

အတ္တအတည့်ပြီးတဲ့
အဲ ၀ါလုံးရှည်ကြီး
ဘယ်တော့များမှ အပိုင်းပိုင်းကျိုးမလဲ
ငါ မသေခင် အရသာခံ ကြည်ချင်သေးပါရဲ့
လောလောဆယ်တော့
ပြားပြားဝပ်ဝပ်နေရဦးမှာပေါ့
ရိုက်ချက်ပြင်းလို့ ဒူးထောက်ကောင်းထောက့်မယ်
ဘယ်တော့မှ ခေါင်ငုံမှာ မဟုတ်ဘူး
ခင်ဗျားတို့သာ ပြာကျမယ်ဆို
ကျုပ်တို့ က လောင်စာဖြစ်ရလည်း ၀န်မလေးဘူး ။ ။

မောင် အာဒံ

No comments:

Post a Comment