Saturday, February 22, 2014
For Venus
တိုးတိုးတိတ်တိတ်လေးပါဘဲ
သူမသိလဲအရမ်းချစ်တယ်
တိတ်တိတ်ဆိတ်ဆိတ်ဘဲ
သူအနားလေးမှာနေခဲ့တယ်
မှတ်မှတ်ရရဘဲ အမှတ်တရတွေ
ရင်ထဲမှာ အပြည့်သိမ်းထားတယ်
တမ်းတမ်းတတ အချိန်တိုင်းဘဲ
သူ့ကိုသတိရနေတတ်တယ်
ကောင်မလေးရေ အိမ်မက်ဆိုတာ
အချိန်တန်ရင်တော့ နိုးရမှာဘဲလေ
အများကြီးမပြောချင်တော့ပါဘူး
ငါ မင်း ကို အ ရမ်း ချစ် တယ် ......
Oo Oo So Pyay ( Dream Creator ™ )
အစိမ်းချုပ်
ထုံ ဖို့ မေ့ ဖို့ မလိုဘူး
အမုန်းခပ်ထူထူ နဲ့
အရှုံး ဆတူရောပြီး
တစ်နေ့ တစ်ဇွန်း စားရုံနဲ့
ငါ သေမှာပါ
သူမ ပါးသွေးလေး နီ ရဲ ဖို့
နှလုံးသွေး နဲ့ ကာလာ တင်ပေးလိုက်တယ်
ဘလိုင်းကြီး ဆိုတဲ့ စကားကို
လက်ဆောင်ရပြီး နောက်မှ
ငါ့ စိတ် နဲ့ လက် မြန်လာတယ်
ပျဉ်ဖိုး နားလည် အောင်
ငါ့ကို သတ်ပေးခဲ့လို့
ကျေးဇူးပါ မိန်းကလေး
၂၅ကျပ်တန် ဖြတ်စာလေးတွေနဲ့
ငါ တန်ဖိုးကို ငါ နားလည် လိုက်မယ်
မင်းပြောတဲ့ ခိုင်မြဲ ပါတယ်ဆိုတဲ့
သံယောဇဉ်က ဒါလား ကွာ
ငါ့ ဘယ်ဘက် ရင်အုံမှာ
မင်း ပစ်ခဲ့တဲ့ အမှတ်တရတွေ
စိုက်နေတုံးပဲ
မနှုတ်တော့ဘူး
အကုန်လုံး ထိုးထည့်ပြီး
ပိတ်ထားလိုက်တော့မယ်
ငါ နစ်မြုပ်နေမှာပါ ။ ။
Maung Ardam
Innocence Dead
ဖျော့ဖျော့လေးနဲ့
မောင်းခဲ့ကြတာ
ကိုယ့်လှေကို ထိုးတာပဲ
ပဲခူး က ဘယ်လောက်ဝေးဝေး
အဲ စိတ်ကြောင့်ပဲ
ငါ့ နှလုံးသားက ဘာမှန်းမသိနာမည်ပျက်ပေါ့
မင်း က အမဲစက်ဆိုလည်း
အဖြုရက်တွေမှာ ပျော်မိတယ်
သေဆုံးခြင်း ကို ထိုးထည့်ပေးခဲ့
နင် က မြွေတစ်ကောင်လို
အခုတော ရင်ခွင်  လဲ သွားပေါ့
မခံစားတော့ ပါဘူး
ငါ့ ဘဝ က အဲလောက် ပြည့်စုံမနေဘူး
ဒုက္ခ အသစ်တွေ နင် ရှာနေပြီပေါ့
နင့် က pradise လို့ ထင်နေတယ်ပေါ့
ငါ ရင်လေးထဲ မိန်းကလေးရေ
မင်း ငါ့ကိုသတ်ခဲ့တဲ့
အပျော်တစ်ခုအတွက်
မင်း ပြန် မသေပါစေနဲ့
ငါ ဆုတောင်းလိုက်ပါရဲ့ ။ ။
Maung Ardam
အချစ်စစ် သို့ . . .
စောင့်နေပါတယ် ရွက်သစ်ပင်ပျို
အရောင်လူး မိတာ ခွင့်လွတ်ပါ
ငါ သန့်ရှင်းစွာနေပါတယ် ။
တွေ့ချင်ပါတယ် ဖန်တီးရှင်မလေး
မင်း ပိုင်ဆိုင်တယ် ငါ့ မနက်ဖြန်တိုင်း
မျှော်လင့်ချက်တွေ တစ်တောလုံး ဝေ နေပြီ ။
အပြုံးတစ်ပွင့်
အကြွင်းမဲ့သစ္စာ
အဆုံးမရှိ အချစ်
အစစ်မှန်တွေရဲ့ နားခိုရာ
မင်းတစ်ယောက်က လွဲ လို့
ဘယ်သူ နားလည်းနိုင်မှာလဲ ?
ဘယ်သူ လက်ခံနိုင်မှာလဲ ?
အတုယောင်တွေ လက်က
လွတ်ငြိမ်းချမ်းသာခွင့် ရ ရပါလို ၏
အရှင်ဘုရား ။ ။
Maung Ardam
တစ်ဖက်ပိတ် ၀ဋ်ကြွေး
'' ခံစမ်းကွာ '' ( အောင်မြင်တဲ့ အသံဝါကြီးနဲ့ ၀ဋ်ကြွေးက )
အတုံအလှည့် ရှိချင်ရင်
နောက်တစ်ခေါက် ထပ်လာခဲ့မယ်  တဲ့  ။
လိုချင်တာတွေ ဘာတစ်ခုမှ မရလည်းနေပါ
မလိုချင်တာတွေကိုတာ ဖြည့်ဆည်းပေးမနေပါနဲ့ ဗျာ . . . Please !    ။
ငါ တစ်ထစ်တတ်ဖို့  ခြေလှမ်းတိုင်း
နောက်၂ထစ်က ' ဘွား ' ခနဲ    ။
ငါ ပြသ၁နာ တစ်ခုကို ဖြေရှင်းနေတုံး
နောက် ၂ခုက အဆင်သင့်    ။
ငါ ဒုက္ခ တစ်ခု ခံစားနေတုံး
ဘီး တတ်လာ တဲက သူ့ ဘော်ဒါတွေက ၀ိုင်းရံ  ။
ကြေပါစေ ဆိုတဲ့
ဆုတောင်းပြည့်ဖို့  ဘယ်နှစ် ဘ၀ စောင့်ရမလဲ လောကဓံ . . . ?    ။       ။
                                                                                                     Maung  Ardam
Friday, February 21, 2014
ဈာပန
တကယ်ပဲ မရည်ရွယ်ခဲ့တာလား
အကြံအစည်ရှိရှိနဲ့ ပဲဆုံးဖြတ်ခဲ့တာလား
မမြဲနိုင်လွန်းတဲ့ အကြောင်းတွေကို
အထပ်ထပ်တွေးရင်း...
သက်ပြင်းကို နှစ်ခါဆင့်ချပြီး..
အသက်ရှူဖို့ ကို  မတော်တဆမေ့မိတယ်.
သေဆုံးခြင်းတိုင်းဟာ.
လွတ်မြောက်ခြင်းကိုသာ ကိုယ်စားပြုမယ်ဆိုရင်
ဈာပန အခန်းအနားတိုင်းဟာ.
ခုထက်ပိုပြီး.. ခန်းနားလောက်ပါရဲ့..။
မရဲတရဲနဲ့ ဖြစ်လာတဲ့ အတွေးတွေကို
ရှေ့ ဆက်ဖို့ ပါရမီနည်းနေတော့..
ငါ.... သက်ပြင်းတစ်ခေါက်ထပ်ချ.
အိုမင်းမှု အနည်းငယ်ကို ထပ်လက်ခံပြီး.
ငါ့ရဲ့.. ကော်ဖီခွက်ထဲက. ခြင်သေနှစ်ကောင်ကို
လက်ကျန်ကို တစ်ကြိုက်ထဲမော့ချပစ်လိုက်တယ်.
( ထွီ... မရွံ့ မရှာ...)
ခြင်နှစ်ကောင်ရဲ့ မခမ်းနားတဲ့ ဈာပန.....။     ။