Saturday, February 22, 2014

အချစ်စစ် သို့ . . .


စောင့်နေပါတယ် ရွက်သစ်ပင်ပျို
အရောင်လူး မိတာ ခွင့်လွတ်ပါ
ငါ သန့်ရှင်းစွာနေပါတယ် ။

တွေ့ချင်ပါတယ် ဖန်တီးရှင်မလေး
မင်း ပိုင်ဆိုင်တယ် ငါ့ မနက်ဖြန်တိုင်း
မျှော်လင့်ချက်တွေ တစ်တောလုံး ဝေ နေပြီ ။

အပြုံးတစ်ပွင့်
အကြွင်းမဲ့သစ္စာ
အဆုံးမရှိ အချစ်
အစစ်မှန်တွေရဲ့ နားခိုရာ
မင်းတစ်ယောက်က လွဲ လို့
ဘယ်သူ နားလည်းနိုင်မှာလဲ ?
ဘယ်သူ လက်ခံနိုင်မှာလဲ ?

အတုယောင်တွေ လက်က
လွတ်ငြိမ်းချမ်းသာခွင့် ရ ရပါလို ၏
အရှင်ဘုရား ။ ။
Maung Ardam

No comments:

Post a Comment