Saturday, May 25, 2013

.............. မိုး ...............


အရိပ်အယောင်လေးနဲ့တင် လွမ်းချင်နေတာ
တဖြောင်းဖြောင်းများ ရွာ ကျလိုက်ရင်................
စောင့်တည်ရာ မဲ့ တိတ်ဆိတ်သွားတယ်..........
ဗလောင်ဆူတဲ့ ခံစားချက်တွေက
ငါ့ .... စာရွက်တွေပေါ်မှာ စီးမျှေားသွားတယ်.........။

ဒီ အချိန်ဆို ............
Out of Date ဖြစ်သွားတဲ့ အတွေး တွေက
ငါ့ ......ဘယ်ဘက် ရင်အုံမှာ စတည်းချ
အနာ ဟောင်းက ပြန်ပြန် ကိုက်လာတယ်.......
သံတစ်ချောင်းလို ဆွဲနှူတ်ဖို့............
အစတည်းက အစီအစဉ်ရှိရင်
ဘာလို့ ............ငါရင်ဘက်ထဲ တစ်ဆုံးရိုက်သွင်းပေးခဲ့တာလဲကွာ
ယူသွားပါ . မင်းအချစ်တွေ ........
ငါ့ နှလုံးသားလည်း အဆိပ် သင့်နေပြီ ..........။

မိုး ဆိုတာမျိုးက..........
ဘယ်လောက်ပဲ သဲသဲမဲမဲ ရွာရွာ
ဘယ်လို မုန်တိုင်းမျိုးနဲ့ပဲ ၀င်လာလာ
တစ်ချိန်မှာတော့ ............
သူ မဟုတ်သလို ပျောက်ကွယ်သွားမှာ
ငါ အစ တည်းက သိခဲ့ဖို့ ကောင်းတယ်..။

အခုတော့
ငါ ရင်ဘက်တစ်ခုလုံး ဒဏ်ရာတွေနဲ့ အေးစက်နေပြီ...............။

ငါတို့နှစ်ယောက် ဇာတ်လမ်းမှာ
ငါ အရှူးထခဲ့တာဆို................
အေးပါကွာ.....အရူးအတိုင်းပဲ ထားလိုက်ပါ
messages တွေနဲ့ ပစ်ပေါက် အသက်သွင်းမနေနဲ့တော့
ငါ ..ဗီလိန် မဖြစ်ချင်တော့ဘူး..........

နင်ကမေးတယ် မေ့နိုင်ပြီလား တဲ့
နင် ပိုချထားတဲ့ ဒုတိယ သင်ရိုးမှာ
ငါ ကျေညပ်နေပါပြီကွာ........
နောက်တစ်ခါများ............
ငါ့ ပါးစပ်က " မ " လို့ တ မိရင်
ငါ့ လျှာ ကို ငါ ကိုက်
ငါ့ ပါး ကို ငါ ရိုက်
ငါ့ အသက် ကို ငါ suicide လိုက်မယ်...........။ ။
                                                              မောင်အာဒံ ( 0h! my god )

Sunday, May 19, 2013

တစ်ကိုယ်တော် ပေါက်ကွဲခြင်း

ငါ ဘ ဝ အနှစ် အရသာ ရှိဖို့တဲ့
ပတ်ဝန်ကျင်က မီးမွှေးတယ်
မိဘက အပူပေးတယိ
ငါ စိတ်က လည်းပြန်လောင်ကျွမ်းစေတယ်
ဘော်ဒါတွေက လောင်စာပေးတယ်
ခံစားချက်တွေက ပြန်ပြန်နွေးတယ်
မီးအေးသွားတယ်
လောင်စာကုန်သွားတယ်
မီးငြိမ်းသွားတယ်
အနှစ်အရသာကို ဘယ်သူမှ
မမြင်ပေးကြတော့ဘူး
မီးအရှိန်ကြောင့် မဲနေတဲ့ ဘဝကိုပဲ
လက်ညှိး ဝိုင်း ထိုးတတ်ကြတော့တယ်
သူတို့ ပေးထားတဲ့ ခေါင်းစဉ်ကိုမေ့
အမှားတွေကိုပဲ ဒေါက်ထောက်ကြည်တဲ့
မျက်လုံးတွေ .............မျက်လုံးတွေ.............
အားးးးးးးးးးးးးးးးးးးးးးးးးးးးးး
ငါ တော်တော် ကြောက်လာပြီ
နောက်
မုန်းလာပြီ.....

Wednesday, May 15, 2013

Words of Luna


Everyone think I'm so pretty,
while they gaze to the sky at night.
The one on the earth wish for his love to me,
Not to be loneliness of her.
Think about it, why they don't know my feel.
I'm also lonely in the sky too,
although many star are shining around me.
In spite of their shining,
 they are  billion of miles away from me,
and also they are not same with me.
I'm shine by reflecting the great sun light,
but  generate no heat.
So, my light is not my own, but it's full of coldness.
Therefore, the life of a star is different with the life of moon.
So, they can't hear my word, they can't understand my thoughts.
Actually, I'm always lonely in the infinite Universe.
(by W@! Y@& Ht@t)





Sunday, May 12, 2013

အဝေးကလူ



မင်းကို သတိရရလွန်းလို့
ငါ့နှလုံးသားတွေ လုံးပါးပါးနေပါပေါ့လား
လွမ်းတယ်လို့တော့မဆိုချင်ပါ
မင်းနဲ့ငါဟာ ချစ်သူဆက်ဆံရေးမှမဟုတ်တာကို

ခဏတာတွေ့တဲ့အခိုက်မှာ
တဘ၀စာတွေးပြီး ရင်ခုန်ခဲ့မိတဲ့
ငါ မှားများသွားသလားနော်

မခေါ်ပဲနဲ့လာတတ်ခဲ့တာာငါပါ
မမျှော်ကြည့်ပဲလဲမနေနိုင်ခဲ့ပါဘူး
မင်းလေးကိုပေါ့
တခေါ်စာလောက်ဝေးတဲ့
နေရာလေးကနေပဲ အမြဲရှိနေမှာပါ
မင်းကို ..........ချစ်ရတဲ့သူ......

အဝေးကလူ


မင်းကို သတိရရလွန်းလို့
ငါ့နှလုံးသားတွေ လုံးပါးပါးနေပါပေါ့လား
လွမ်းတယ်လို့တော့မဆိုချင်ပါ
မင်းနဲ့ငါဟာ ချစ်သူဆက်ဆံရေးမှမဟုတ်တာကို

ခဏတာတွေ့တဲ့အခိုက်မှာ
တဘ၀စာတွေးပြီး ရင်ခုန်ခဲ့မိတဲ့
ငါ မှားများသွားသလားနော်

မခေါ်ပဲနဲ့လာတတ်ခဲ့တာာငါပါ
မမျှော်ကြည့်ပဲလဲမနေနိုင်ခဲ့ပါဘူး
မင်းလေးကိုပေါ့
တခေါ်စာလောက်ဝေးတဲ့
နေရာလေးကနေပဲ အမြဲရှိနေမှာပါ
မင်းကို ..........ချစ်ရတဲ့သူ......

ဝေး.................................

ပေးဆပ်မှူက
ငါ ဆောင်းတဲ့ ဦးထုပ် လျှာ လို......
အသား ကျ နေပြီ ...........။

နောက်ကျသွားတဲ့ သူတစ်ယောက်ရဲ့
ဦးဦးဖျားဖျား အချစ်တွေ ........ မင်းမြင်နိုင် မလား.?
ဒုတိယ လူပါ.....ငါက....
မင်းရဲ့ ပထမ လူမကြည်ပေးတဲ့
လိုအပ်ချက်တွေ ဖြည်ပေးမဲ့....
အဖြည်ခံ ပထမလူတော့ ပေးဖြစ်ပါ.....
လတစ်စင်း အတွက် အဖျော်ဖြေခံ တေးပေါ့.....ငါက.......။

မဖြစ်သင့်မှန်းလည်း သိပါရဲ့
မရတော့မှန်းလည်း မှန်ပါရဲ့
ငါ မေ့ ထားတဲ့ ရယူခြင်းက
အိမ်မက်ထဲမှာ ငါ့ ဦးနှောက်စီ...........
ပြောင်ပြန် စီးဆင်းလာတော့.............
ငါ့ သက်တမ်းထဲက နေ့သစ် တစ်ရက် နဲ့
သက်ပြင်း တစ်စုံ ကို ၀ယ်ယူလိုက်တယ်........။

နင့် လိုအပ်ချက်တွေ ဖြည်ဆည်းရင်း........
ငါ တို့ ........... ဝေး ............. ခဲ့ကြပြီနော်.......။

နင်ပျော်ရင် ပြီးတာပဲ လို့
တစ်ဖက်သက် ငါ မပြော ရက်ပါဘူး ကွာ............
ဟန်မဆောင် တတ် တဲ့ ငါနှလုံးသား..........
မင်းကို မြင်တိုင်း ရှူးမိုက်စွာ ပျော်နေခဲ့တာပါ ကွာ..............။ ။

Mr.13

Saturday, May 11, 2013

Romance ဇာတ်လမ်းလေး တစ်ပုဒ်ပါ...........

မြို လေးတစ်မြို ပေါ်မှာ အရမ်းချောတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်......ဒါပေမဲ့ သူက မျက်လုံးမမြင်ရှာဘူးဗျ......
သူ ခက်ငယ်ငယ် တုံးက accident တစ်ခုကြောင့် မျက်လုံးကွယ်သွားတယ်....အဲဒီအချိန်က စပြီး သူ က ဘယ်သူကိုမှ အယုံအကြည်မရှိတော့ဘူး........သူ မိဘ တွေကိုတောင် မယုံတော့ဘူးတဲ့......ဒါပေမဲ့ သူ ယုံတဲ့သူ တစ်ယောက်တော့ ရှိတယ်
အဲဒါက သူ အချစ်ရဆုံး ချစ်သူကောင်လေးပဲ
အဲဒီ ကောင်လေး ကိုသူ မျက်စိကွယ်ပြီးမှ တွေခဲ့တာ...ဒါပေမဲ့ ကောင်မလေးက ကောင်လေးကို အကြွင်းမဲ့ကို ယုံတယ်တဲ့
ကောင်လေးက သူလိုချင်တာ လိုအပ်တာ အားလုံးကို ဖြည်ဆည်းပေးတယ်.....
သူမ နားမှာ အမြဲနေပေးတယ်.........ကောင်မလေးက ကောင်းလေးကို အမြဲတောင်းနေကြ ကတိ တစ်ခုရှိတယ်
မောင် ..... သဲ ကို ဘယ်တော့မှ ခွဲးမသွားပါနဲ့နော်....သဲ ဘ၀မှာ မောင်တစ်ယောက်ပဲ ရှိတာပါ......
ကောင်လေးက ကောင်မလေးရဲ့ ခေါင်းလေးကို ပုတ် ပြီး အမြဲပဲ ပြန်ပြောတဲ့ စကားက.....
စိတ်ချပါကွာ......သဲ ပါးစပ်က မောင်းမထုတ်မခြင်း မောင် ထွက်မသွားပါဘူးကွာ........
သူ တို နှစ်ယောက်ကို ပတ်ဝန်းကျင်က သတိထားမိတဲ့ အထိကိုချစ်ကြတယ် .............
ကောင်မလေးက သူ မျက်လုံးပြန်မြင် လိုတဲ့ အကြောင်း သူသာ ပြန်မြင်ခဲ့ ရင် ကောင်လေးကို အရင်တွေချင်ကြောင်း တတွက်တွက် ပြောလေရှိတယ်..........
တစ်နေ့ မှာပေါ့...........ကောင်မလေးအတွက် သတင်းကောင်းတစ်ခုကို....ကောင်လေးကယူဆောင်လာတယ်
ကောင်မလေး မျက်လုံးအတွက် မျက်ကြည်လွှာ အလှူရှင် ပေါ်လာခဲ့တယ်.......
ကောင်မလေးက အရမ်းကိုပျော်နေတာပေါ့..........ကောင်လေးရဲ့ မျက်နှာလေးကို ပွက်သက်ကြည်ရင်း.....
မောင်မျက်နှာကို မြင်ရတော့မယ်.....သဲ အရမ်းပျော်လိုက်တာမောင်ရယ်.................
ဒီလိုနဲ့ ခွဲ စိတ်မဲ့ နေကိုရောက်လာတယ်
ကောင်မလေး ဘေးမှာ ကောင်လေးက အမြဲရှိနေခဲ့တယ်...သူခွဲ စိတ်တဲ့နေမှာ လည်း သူမ ဘေးကနေ စကားတွေတတွက်တွက်ပြောပြီးအားပေးနေခဲ့တယ်......
ကောင်မလေး ပတ်တီးမဖြေ ခင် တစ်ပတ်ပတ်လုံး အနားမှာရှိနေခဲ့တယ်.......
သူမ ပတ်တီးဖြေ မဲ့ နေမှာတော့ ကောင်လေးကရောက်မလာခဲ့ဘူး.......
သူမ ပတ်တီး ဖြေဖြေ ခြင်း ပဲ သူမ မိဘတွေကော ဆရာဝန်တွေကော အသိမပေးပဲ
ဆေးရုံကနေ တိတ်တိတ် လေး ကောင်လေးစီ လစ်ထွက်ခဲ့တယ်........
ကောင်လေးရဲ့အိမ် ကို အသားကျနေတဲ့ သူမခြေထောက်တွေကခေါ်ဆောင်သွားတယ်
ကောင်လေး ကို တွေလိုက်ရင်ပဲ ကောင်မလေးက အရမ်းစိတ်ပျက်သွားတယ်.........
အံသြသွားတယ်.............နောက်တော့ နာကျီးသွားတယ်
ကောင်လေးက ကောင်မလေး လိုပဲ မျက်စိမမြင်တဲ့ သူတစ်ယောက်ဖြစ်နေတယ်....
ကောင်မလေးက လုံဝကို နားလည်မပေးရှာဘူးတဲ့
သူမုန်းတဲ့ ဘ၀ ကို ပိုင်ဆိုင်ထားတဲ့ ကောင်လေးကိုပါ မုန်းသွားတယ်....
ကောင်းလေးက ဘယ်လို ရှင်းပြပြ မရတော့ဘူးတဲ့........
ကောင်းလေးက အရမ်းကို ၀မ်းနည်းသွားတယ် ဒါပေမဲ့ မမုန်းဘူးတဲ့..........ကောင်းမလေးကို နားလည်ပေးတယ်..........
တစ်ပတ်လောက် ကြာတော့................ကောင်လေးက သူ. သူငယ်ချင်းတစ်ယောက်အိမ်သွားပြီး အကူအညီတောင်းတယ်
သူကောင်မလေးကို စာ လေးတစ်ဆောင်ပေး ပေးဖိုနဲ့ သူဒီက အပြီးထွက်သွားတော့မဲ့ အကြောင်းပြောတယ်
ကောင်လေးသူငယ်ချင်းကတားတယ်......ဒါပေမဲ့သူက
မင်း ငါကို ကူညီခဲ့တာတွေ ကျေးဇူးတင်ပါတယ်ကွာ ငါသူကို စိတ်မညစ်စေချင်ဘူး သူ ရှိနေတဲ့ ဒီနေရာမှာလည်းငါမနေသင့်ဘူးကွာ
ဟူး....ငါ မင်းကို ကူညီဆိုတာ ငါတတ်တဲ့ ပညာနဲ့ မင်းတို့ နှစ်ယောက်ကို အဆင်ပြေစေချင်လို့
ငါ နားလည်ပါတယ်ကွာ....ငါသွားတော့မယ် မတားပါနဲ့ကွာ ငါသွားပြီ........
သူ အဖေါ်ါ် ကောင်လေး တစ်ယောက်က တွဲခေါ်ပြီးထွက်သွားတယ်
သူ လှည်ထွက်သွားရင်း သူ့ သူငယ်ချင်းအိမ်ကို မမြင်ရပေမဲ့ တစ်ချက်လှည်ကြည်တယ်.....
မျက်လှည်ဆရာ အသံတု ရဲရင်ဝင်း ဆိုတဲ့ ဆိုင်ဘုတ်လေးနဲ့ အိမ်လေးတစ်လုံးက သူကို ကြည်နေတော့မယ်...သူသိနေတယ်

သုံးလ လောက်ကြာတော့ ကောင်မလေး ဆီ စာလေးတစ်စောင်ရောက်လာခဲ့ တယ် ........ကောင်လေးဆီကပေါ့

သို့.................
တစ်ချိန်က.......သဲ ရေ.....
မောင် မရှိ တဲ့ အချိန်မှာ သဲကို သဲ ဂရုစိုက်ပါကွာ......
မောင် ဂတိ တည်ပါတယ်နော်..........သဲ မလိုလားတဲ့ ဘ၀မှာ မနေနိုင်တော့ လို အဝေးဆုံးကိုထွက်သွားပြီ......
သြော်......ဒါနဲ့ သဲဘ၀ အတွက် အလင်းတွေပေးခဲ့တယ်နော်....မောင် မျက်လုံးတွေကိုလည်း ဂရုစိုက်လိုက်ပါ ကွာ......
တစ်ချိန်က......သဲ ရဲ့
အချစ်စစ် မောင်...............
.........................................................................................................
...........................................................................................................................................................................................................................ဆေးရုံ တွင် တစ်ချိန်လုံးရှိနေခဲ့တဲ့ သူက ကောင်းလေးရဲ့ သူငယ်ချင်း အသံတု ရဲရင့်ဝင်း ပေါ့..............

Sunday, May 5, 2013

တိမ်တွေငိုတဲ့နေ့

တိမ်တွေငိုတဲ့နေ

2012 June 7, ည၉း၃၀          တိမ်တွေငိုတဲ့နေ့   အညိုးကြီးကြီးနဲ့ ကောင်းကင်ပေါ်က မိုးတိမ်တွေ မြေပြင်ပေါ်က ကောင်လေးတယောက်ပေါ်ကို မိုးရေတွေရွာချပေးနေလေရဲ့။ သူရဲ့နာမည်ကလဲ မိုးတိမ်တဲ့။ ထိုကောင်လေးရဲ့ မျက်ဝန်းထဲက မျက်ရည်ပူတွေ ပါးပြင်ပေါ်မှာ တဖြည်းဖြည်း နိမ့်ဆင်းလာတယ်။ ကောင်းကင်ထက်က ကျလာတဲ့ မိုးရေတွေ အေးစက်နေသော်လည်း မိုးတိမ်တယောက်ရဲ့ မျက်ရေတွေကတော့ နွေးနေလေရဲ့။
ည ၈း၄၅ ။       ။မိုးတိမ်အမြဲစောင့်နေကြ ရန်ကုန်မြို့ရဲ ကြီးကျယ်ခမ်းနားလှတဲ့ shopping centre (junction square)မှာပေါ့။ သူရဲ့ကောင်မလေး အလုပ်ဆင်းချိန် နေ့တိုင်း မပျက်မကွက်လာကြိုနေကြ၊ ယနေ့တော့ အရင်ကနဲ့မတူ။ မိုးတိမ်တို့ ၂ယောက်ရဲ့ ချစ်သူဘ၀ နိဂုံးချုပ်ခဲ့ပြီးပြီလေ။

လွန်ခဲ့တဲ့ ၂ရက်က မိုးတိမ်ကို ဟေမာန်က ကိုယ်တိုင်ကိုယ်ကျသေချာလေးပြောခဲ့ဘူးတယ်။
          မိုးတိမ် ဒီစကားတွေကိုနားထဲမှာ အခါခါကြားယောင်နေမိရင်း ဖုန်းလေးကိုထုတ်ကြည့်လိုက်တယ်။ ၉နာရီ ထိုးပြီလေ။ မိုးတိမ်တို့လိုပဲ ချစ်သူတွေ လာကြိုကြပြန်ကြတဲ့ စုံတွဲတွေကို ကြည့်ရင်းရင်ထဲမှာ ပူလောင်နေတယ်။ ဟိုးကောင်းကင်ထက်မိုးရေစက်တွေ ပူလောင်နေတဲ့ မိုးတိမ်ရဲ့ရင်ကို တဖြောက်ဖြောက်နဲ့ လာရောက်ရိုက်ခတ်နေတယ်။ ဒါတောင် အပူလျော့မသွားတဲ့ မိုးတိမ်ရဲ့ နှလုံးသား လေအေးလေးတွေပါ တဝေါဝေါမြည်ရင် တိုးဝှေ့လာစဉ် မိုးတိမ်ရှေ့မှာ ခပ်မိုက်မိုက်၊ ဘောင်းဘီ အကျပ်၊ အကျီင်္လက်ပြတ်၊ အသားအရေဆိုလို့ရှာလို့မရပဲ ခန္ဓာကိုယ်အရေပြားတခုလုံး ကနုတ်တွေနဲ့ဖုံးအုပ်ထားတဲ့ လူ၃ယောက်ဖြတ်သွားတယ်။ မိုးတိမ်ငေးကြည့်နေမိတယ်။ ဘာရယ်မှန်းမသိပေမယ့် စိတ်ထဲမှာ တခုခုကို သိနေသလိုလို။
မကြာခင်ပဲ မိုးတိမ်ရဲ့ ချစ်သူထွက်လာပြီလေ။ သူအရင်က သူ့သူငယ်ချင်းကောင်မလေးနဲ့ ထွက်လာနေကြ။ ခုတော့ စောစောက ၀င်သွားတဲ့ ၃ယောက်ထဲကတယောက်နဲ့ လက်ချင်းတွဲလျက် လျှောက်လာပြီ။ မိုးတိမ် တယောက် ရင်ခုန်သံတွေ ဆူညံလာတယ်။ သူ့ရဲ့နှလုံးခုန်သံ သူကိုယ်တိုင်ပြန်ကြားနေရတယ်။ ဦးနှောက်ထဲမှာလဲ ဘာလုပ်ရမလဲ ဘာလုပ်သင့်တယ် သူကိုယ်တိုင်ဘာလုပ်ချင်တယ် စတာတွေက လွန်ဆွဲနေလေရဲ့။ မိုးတိမ် သူ့ချစ်သူ ကောင်မလေးကို အတင်းပဲလက်ဆွဲပြိး ပြဿနာရှာရမလား။ ခုချက်ချင်းပဲ သူတို့နဲ့အဝေးဆုံးကိုထွက်ပြေးသွားရမလား။ မိုးတိမ်တွေဝေနေပြီး သူတို့၎ယောက်ကို ငိုင်ငိုင်လေးလိုက်ကြည့်နေမိတယ်။ ချက်ချင်းဆိုသလို မိုးတွေဝေါခနဲ သည်းထန်စွာရွာချလိုက်တယ်။ ဟေမာန်က အရင်စောင့်နေကြနေရာလေးမှာ မိုးတိမ်ကို တွေ့သွားတော့ သူလက်တွဲထားတဲ့ သူရဲ့ပခုံးပေါ်ကို ခေါင်းလေးကို စောင်းပြီး မှီလိုက်လေတယ်။အဲဒါကိုမြင်လိုက်တဲ့ မိုးတိမ်ရဲ့ နှလုံးသားတဆစ်ဆစ်နဲ့ နာကျင်လာတယ်။ နာကျင်လွန်းလို့ မျက်ရည်တွေဝဲလာတယ်။ မိုးတိမ် သူတို့ကို မမြင်ရအောင် မျက်နှာလွဲလိုက်တယ်။ မျက်နှာလွဲလိုက်ခါမှ မိုးတိမ်ရှေ့တည့်တည့်ကနေ သူတို့ ၂ဦး ထီးလေတချောင်းကို အတူတူဆောင်းပြီး မိုးတိမ်ချစ်သူက သူ့ဘေးကတယောက်ရဲ့  ပခုံးအပေါ်မှီလျက်ကားမှတ်တိုင်ကို ပျော်ပျော်ပါးပါးလျှောက်သွားနေတယ်။
မိုးတိမ်ဒီတခါ မျက်နှာမလွဲတော့ဘူး။ အံကြိတ်ရင်း မျက်တောင်တချက်မခတ်ပဲ မျက်စိတဆုံး ကြည့်နေမိတယ်။ မိုးတိမ် စိတ်ကို အတင်းမငိုအောင်ထိန်းရင်း သူတို့ရဲ့ အပြုအမူတွေကို ရဲရဲဝင့်ဝင့်ကြ့ည်နေလိုက်တယ်။ နောက်တော့ မိုးတိမ်ရှေ့မှာ သူတို့ရဲ့ မြင်ကွင်းပျောက်ကွယ်ပြီး မှောင်မိုက်သွားခဲ့တယ်။ မိုးအရမ်းသည်းတာကြောင့် မီးတွေပျက်သွားခဲ့တယ်။ တမြို့လုံးလဲအမှောင်ဖုံးသွားခဲ့သလို မိုးတိမ်ရဲ့ နှလုံးသားမှာလဲ အမှောက်ထုကကြီးစိုးသွားတယ်။
မိုးတိမ်တယောက် စိတ်ကိုလွှတ်ချလိုက်တယ်။ ချက်ချင်းဆိုသလို ပါးထက်မှာ မျက်ရည်တွေလိမ့်ဆင်းလာတယ်။ အသံတိတ်တယောက်ထဲငိုရင်း တခြားလူတွေမမြင်အောင် ထီးလေးကွယ်ကာ အိမ်ပြန်မှတ်တိုင်ဖက်ကို လမ်းကူးရင်း လျှောက်လာလိုက်တယ်။ ဆေးကျောင်းရှိတဲ့ စိုက်ပျိုရေးမှတ်တိုင်ဖက်မှာ ကားစောင့်ရင်းလူတွေ နားလို့ရအောင် ခုံတန်းလေးတွေရှိတယ်။ အဲဒီခုံတန်းလေးမှာ တယောက်တည်းထိုင်နေလိုက်တယ်။ မှတ်တိုင်ကိုလှမ်းကြည့်လိုက်တော့ သူတို့ ၄ယောက်ကားပေါ်ပါသွားပီလေ။ မိုးတိမ်မှတ်တိုင်မှာတယောက်တည်း ထိုင်နေရင်း အသံတိတ်ငိုနေခဲ့တယ်။ မိုးတိမ်ဆိုတဲ့ကောင်လေးငိုနေတာကို ကောင်းကင်က မိုးတိမ်တွေကပါ အဖော်ပြုရင်းလိုက်ငိုပေးရှာတယ်။ မိုးတိမ်ရဲ့မျက်ရည်တွေ ပါးထက်ကနေ အင်္ကျီတွေပေါ်လောက်သာကျနေပေမယ့် ကောင်းကင်ပေါ်ကတိမ်တွေရဲ့ မျက်ရည်တွေဖြစ်တဲ့ မိုးရေစက်တွေကတော့ တကိုယ်လုံးကို စိုရွှဲနေလေရဲ့။ မိုးတိမ်ရဲ့ နှလုံးသားက အပူတွေကို တဖက်တလမ်းက လျော့ပါစေဆိုတဲ့သဘောနဲ့ပေါ့။
          မိုးတိမ်အချိန်အတော်ကြာ ငူငူလေးတယောက်တည်းထိုင်နေခဲ့တယ်။ မိုးတိမ်အရင်က စိတ်ကူးရင်ထားခဲ့တဲ့ဘ၀လေး တခဏလေးအတွင်းမှာ ပျက်ဆီးကြွေမွသွားခဲ့တယ်။ မိုးရေတွေစိုလာတဲ့ မိုးတိမ်တယောက် ချမ်းနေပေမယ့် နှလုံးသားထဲမှာတော့ မီးတွေတောက်လောင်လို့နေတယ်။ မိုးတိမ်တယောက် အကြိမ်ကြိမ်ဆုတောင်းခဲ့တဲ့ မိုးတွေခုတော့ရွာနေပြီလေ ဒါပေမယ့် အဖြစ်အပျက်တွေက တော့ တွေးလို့မရအောင်တောင် ထူးဆန်းလွန်းနေတယ်။ မိုးတိမ်တယောက်ရွာချင်တဲ့ မိုးတွေ ဒီနေ့မှာ ရွာခဲ့တယ်။ မိုးတိမ်တယောက်တိတ်ဆိတ်စွာထိုင်နေရင်းနဲ့ သူ့ရဲ့စိတ်တွေဟာ ပြက္ခဒိန်ဟောင်းဆီကိုပြန်ရောက်သွားတယ်။

"မိုးတိမ်တယောက် သင်္ကြန်ပြီး ၂ရက်လောက်မှာ သင်္ကြန်မှာ ပူတဲ့အပူဒဏ်တွေကြောင့်အပူကြီးပြီး ဖျားခဲ့တယ်။အပူကြီးလွန်းလို့မျက်စိပါနာခဲ့တယ်။ မျက်စိနာတာတော်တော်ပြင်းတဲ့အတွက် မိုးတိမ်ရဲ့ မျက်ကြည်လွှာတွေပါပဲ့သွားခဲ့တယ်။ မိုးတိမ် ဒီရောဂါဝေဒနာ တွေခံစားခဲ့ရတာ တယောက်သော သူကြောင့်။ သူ့ချစ်သူခေါ်တဲ့ ရပ်ကွက်မှာ နေပူကြဲတဲ ရေကစားးခဲ့တယ်၊ သူရဲ့ချစ်သူကတဲ့မဏ္ဍပ်အောက်မှာနေပူကြဲကြဲ ရေလေးမစိုတစိုနဲ့ ရပ်ကြည့်နေခဲ့၇တယ်။ သင်္ကြန်ရက်တွေတုန်းက သူမခေါ်တဲ့ ကန်ဘောင်ကို မလိုက်ချင်ပဲ လိုက်သွားခဲ့တယ်။ အဲဒီမှာ နေကပူ ရေကစိုတယ်စိုရုံလေးစိုခဲ့တဲ့အတွက် အပူရှပ်ခဲ့တယ်။ သို့ပေမယ့် သူဝေဒနာတွေခံစားနေရချိန်မှာ သူ့ချစ်သူဟေမာန်တယောက် ဖုန်းလေးတောင်မဆက်ခဲ့ဘူး။ မိုးတိမ် တယောက် နေမကောင်းတဲ့ကြားက သူ့ချစ်သူဆီက ဖုန်းလာမလား ဆိုပြီး စောင့်ရင်း ညညကောင်းကောင်းအိပ်မပျော်ခဲ့။ သူသာနေမကောင်းနေပမေယ့် သူ့ချစ်သူမွေးနေ့ဖြစ်တဲ့ ၅လပိုင်း ၆ရက်နေ့မှာ ချစ်သူပျော်ရွှင်သွားအောင် လို့ဆိုပြီး အတွေးထဲမှာ အစီအစဉ်တွေဆွဲခဲ့တယ်။ နေမြန်မြန်ပြန်ကောင်းပါစေ ဆိုပြီး ဘုရားမှာ ဆုတောင်းရတာအမော။ တခါမှ မခံစားဖူးတဲ့ မျက်ကြည်လွှာပဲ့တဲ့ဝေဒနာကို စိုးရိမ်စိတ်ကြီးစွာ ခံစားနေရတယ်။ မျက်စိများမမြင်ရတော့ပဲနေမလား။ မျက်တောင်တချက် ခတ်လိုက်တိုင်း စူးရှရှဝေဒနာတွေကို အံကြိတ်ခံရင်း မျက်ရည်ပူတွေကျဆင်းပြီး အမြင်အာရုံေ၀၀ါးနေတဲ့ ဝေဒနာကို အချိန်တွေအတော်ကြာဖြတ်သန်းခဲ့တယ်။
မိုးတိမ်တယောက် နေမကောင်းဖြစ်ပြီး ၁၀ရက်မြောက်နေ့ညနေပိုင်းမှာ အမေက ပြောခဲ့တယ်။
                   "သားရေ မိုးတွေရွာတော့မယ်တဲ့။ တိမ်တွေအများကြီး တက်လာပြီ" တဲ့
လေတွေတဖြူးဖြူးတိုက်နေတာကို မိုးတိမ်ခံစားရတယ်။ နားထဲမှာလဲကြားနေခဲ့တယ်။ အမေက မိုးတိမ်နေမကောင်းစဖြစ်တည်းက မိုးတွေရွာပါစေလို့ ဆုတောင်းနေခဲ့တယ်။
မိုးတိမ်နေမကောင်းဖြစ် မျက်စိနာရတာ၊ အပူမကျသေးပဲ သတိလစ်မတက် အဖျားတက်တာတွေက ပူပြင်းလွန်းတဲ့ နွေရာသီကြောင့်၊ သင်္ကြန်သာပြီးသွားပေမယ့် မိုးတခါမှမရွာတာကြောင့် ရာသီဥတုဟာ အရမ်းပူလွန်းလှတယ်။ အဲဒါကြောင့်လဲ မိုးတိမ်တယောက် ကိုယ်ပူတွေကြီးပြီး အဖျားတော်တော်နဲ့မပျောက်နိုင်တာဖြစ်တယ်။ မိုးတိမ်က အမေကို လှမ်းပြောလိုက်တယ်။
                   "အမေရယ် နေ့လည်ကြီးက အကောင်းကြီးရှိသေး။ မိုးတွေက တကယ်ရွာတော့မှာလား၊ တကယ်လို့သာရွာရင် သားချစ်သူကောင်မလေးတော့ အလုပ်ကအပြန်မိုးမိနေတော့မှာပဲ။ထီမှပါရဲ့လား မသိဘူး"
                   "သား မင်းကသာပူပန်နေတယ်။ မင်းနေမကောင်းဖြစ်နေတာကို သိရဲ့နဲ့တောင် မင်းချစ်သူက ဖုန်းဆက်ခဲ့လို့လား၊ နေမကောင်းဖြစ်နေတာသိရဲ့နဲ့တောင် ဖုန်းမဆက်တာ မင်းသာ မျက်လုံးတဖက်ကန်းသွားရင် မင်းကိုလား အနားတောင်အကပ်ခံပါ့မလား။ ပြီးတော့ ညည မင်းမအိပ်ပဲ ဖုန်းလေးတကြည့်ကြည့်နဲ့ လုပ်နေတာ အမေမသိဘူးမထင်နဲ့"
                   "အမေရာ အဲလိုကြီးတော့မပြောပါနဲ့။ သူကအဲလိုမဟုတ်ပါဘူး။ သားနားလည်ပါတယ်"
မိုးတိမ်တယောက် ဟေမာန့်ဆီက အဖြေရတုန်းက သူမပြောခဲ့တဲ့စကားတွေကို ပြန်သတိရလို့ ပြောလိုက်ခြင်းသာဖြစ်တယ်။
မိုးတိမ်တယောက်အတွေးထဲမှာ သူ့ချစ်သူဆီကအဖြေရခဲ့တဲ့အချိန်ပြောခဲ့တဲ့စကားကို  ပြန်ကြားယောင်နေမိတယ်။
                   "ကို့ ကို ဟေမာန်ချစ်တယ်။ ဒါပေမယ့် ဟေမာန်အရမ်းကြောက်တယ်။ အကို က ပညာလည်းတော်တယ်။ တက်တဲ့ကျောင်းကလဲ အကောင်းစား။ နောက်တော့မှ ဟေမာန့်ထက် သာတဲ့သူတွေ့ပြီး ပါသွားမှာကြောက်တယ်။ ဟေမာန့်ဘက်ကိုတော့စိတ်ချ တသက်လုံးကို့ကို ဒီနေ့ကစပြီး ခွဲမသွားတော့ဘူး"
                   "အေးလေ မင်းကသာနားလည်တယ်လို့သာပြောနေတာ။ မင်းဒုက္ခိတဖြစ်သွားရင် ဘယ်မိန်းကလေးကမှ ကြည်ဖြူမှာမဟုတ်ပါဘူး။ သူတို့ဘယ်လောက်ချစ်တယ်ပြောပြော ဒုက္ခိတယောက်ကို ကြည်ဖြူနိုင်ပါ့မလား။ သူတို့က ဆုံးရှူံးရရင်အစားပြန်ထိုးလို့ရပါတယ်သားရယ်၊ အမေတို့မှာသာ အစားထိုးလို့မရတဲ့သားတယောက်ကို ဒုက္ခိတအဖြစ်ဆုံးရှူံးလိုက်ရမှာ" အမေက ၀မ်းနည်းသံလေးနဲ့ပြောရှာတယ်။
                   "အမေရယ်သား ဘာမှဖြစ်မှာမဟုတ်ပါဘူး။ သားကို သားသိပါတယ်။ သားမှာအိမ်မက်တွေအများကြီးရှိသေးတယ်လေ။ လောကကြီးက သားကိုဒီလိုဖြစ်ခွင့်ပေးမှာမဟုတ်ပါဘူး"
မိုးတိမ်တယောက်ပြောလိုက်ပေမယ့် ရင်ထဲမှာတော့ မကောင်း၊ လူကောင်းတယောက်လိုပြန်ဖြစ်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်ကြီးကကြီးစိုးနေတယ်။
          မိုးတိမ်အမေကသာ ရာသီဥတုအပူတွေသက်သာအောင်မိုးတွေရွာပါစေလို့ဆုတောင်းနေပေမယ့် မိုးတိမ်ကတော့အမေနဲ့ဆန့်ကျင်ဘက် မိုးတွေမရွာပါစေနဲ့လိုဆုတောင်းနေတယ်။ သူ့ချစ်သူတယောက် ညဖက်အပြန်မှာ မိုးတွေမိမှာစိုးလို့ပါ။
          ရက်တွေတဖြည်းဖြည်းနဲ့ကုန်ဆုံးသွားခဲ့တယ်။ မိုးတိမ်ရဲ့ မျက်စိလည်းသက်သာပြီး အကောင်းအတိုင်းမဟုတ်သော်လည်း ပြန်ကောင်းလုနီးနီးဖြစ်နေပြီ။ မိုးတိမ်တယောက် အိမ်ကနေအပြင်ထွက်ခွင့်တောင်းတယ်။ အမေက မသွားရန်ပြောသော်လည်း လောကမှာ သားသမီး ဆန္ဒကို မိဘတို့က နိုင်သည်မရှိ။ နောက်ဆုံး မိုးတိမ်အပြင်ထွက်ခွင့်ရခဲ့တယ်။ မိုးတိမ်လဲ သူ့အခင်ဆုံးသူငယ်ချင်း အာကာနဲ့ ဟေမာန်ရှိရာ Jucntion Square ကိုလာခဲ့တယ်။ လမ်းမှာ ဟေမာန့်မွေးနေ့အတွက် မိုးတိမ်က အာကာကိုပြောတယ်။
                   "သားကြီး ငါသူ့မွေးနေ့အတွက် မွေးနေ့ကိတ်လုပ်ချင်တယ်ကွာ ဘယ်မှာ မှာရင်ကောင်းမလဲ"
                   "အာကွာ ဟိတ်ကောင်နေစမ်းပါဦး၊ မင်းသူနဲ့အရင်တွေ့ပါဦးဟ။ သူနဲ့တွေ့ပြီးမှာ သူ့မှာ မွေးနေ့အတွက်ဘာအစီအစဉ် ရှိလဲသိပြီးမှ မင်းကိတ်မုန့်မှာချင်လဲမှာပေါ့"
                   "အေး ဟုတ်သားပဲကွ။ ငါနည်းနည်းလေး လောသွားတယ်"
                   "မင်းကတော့ ဖြစ်ရမယ်။ မင်းကသာဒီလောက်ဖြစ်နေတာနော်။ မင်းကို နေမကောင်းဖြစ်နေတုန်းက ဖုန်းတချက်တောင်ဆက်လို့လား"
                   "အာ မင်းကလဲ ဆက်ပါတယ်ဟ"
                   "ဘယ်နှခါလဲ"
                   "တခါ"
                   တကယ်လဲဟုတ်သည်။မိုးတိမ်တယောက် နေမကောင်းဖြစ်နေစဉ် ၂ပတ်အတွင်း သူ့ချစ်သူဆီမှာ ဖုန်း၁ခါလေးသာလာခဲ့သည်။ အကြောင်းအမျိုးမျိုးပြ၍ မအားလို့ပါဟု ပြောခဲ့သည်။ မိုးတိမ် က လဲ တခါတောင်ဆက်သေးတာပဲဟု တွေးကာ စိတ်မဆိုးရက်ပဲ အကျေနပ်ကြီးကျေနပ်ခဲ့သည်။
                   "ငါပြောလိုက်ရမကောင်းဘူး ၁ခါကြီးများတောင်ဟုတ်လား တော်တော်များတာပဲနော်" ဟု
အာကာမှ ငေါ့တော့တော့ပြောလိုက်လေသည်။
                   မိုးတိမ်တို့ရောက်သွားတော့ ဟေမာန်က ခပ်အေးအေးလေးပင်။ သူ့ချစ်သူ နေကောင်းခါစ သူ့ဆီကို ရောက်လာလို့ ပျော်ရွှင်ဟန်မပြ။ ဖာသိဖာသာ နေသည်။ သာမန်နှုတ်ဆက်ရုံမျှပင်။ တကယ်တော့ မိုးတိမ်တယောက်သည် စည်းထားသည့်လူမျိုး။ သူမအလုပ်လုပ်ရာ ဆိုင်ရှေ့သို့ မသွား။ အဝေးမှပဲနေ၍နှုတ်ဆက်လိုက်သည်။ သူသွား၍ စကားပြောလျှင် သူ့ချစ်သူ အလုပ်ပျက်မှာ ဆိုင်ရှင် အပြောခံရမှာကို စိုးသောကြောင့် အရင်ကတည်းက စောင့်နေကြနေရာမှာသာ ထိုင်လိုက်၊ မတ်တပ်ရပ်လိုက်နဲ့သာ နေလေသည်။ ဒါကို အာကာက
                   "ဟိတ်ကောင် ဘာလုပ်နေတာလဲဟ။ မင်းကိတ်မုန့်မှာမယ်လဲပြောသေးတယ်။ သူ့ကိုသွားမေးဟ၊ အဲနေ့ဘာအစီအစဉ်ရှိလဲလို့။ ဒါမှ မင်း ကိတ်မုန့် မှာသင့်မမှာသင့် မှာရင်လည်း ဘယ်အချိန်ယူမယ်ဆိုတာ သိရမယ်မဟုတ်လား"
အဲဒါနဲ့ မိုးတိမ် သူတို့ဆိုင်ရှေ့ကိုသွားလိုက်တယ်။ သူ့ချစ်သူဟေမာန် ထွက်လာတယ်။ မိုးတိမ်ကမေးလိုက်တယ်။
                   "ဟေမာန် မွေးနေ့ဘာလုပ်မှာလဲ။ ဘယ်သွားကြဖို့အစီအစဉ်ရှိလဲ"
                   "ဟေမာန် မွေးနေ့မှာ မနက်စောစောဘုရားသွားမယ်"
                   "ဒါဆို ကို လိုက်ခဲ့လို့ရတာပေါ့ ဟုတ်တယ်မလား"
                   "မရဘူး။ ဟေမာန် တယောက်တည်းပဲသွားမှာ။ ဘယ်သူ့မှမခေါ်ဘူး"
                   "ဟင် အဲလိုတော့မဖြစ်သင့်ဘူးထင်ပါတယ်။"
                   "တယောက်တည်းပဲသွားချင်တာ။ ဘယ်သူ့ကိုမှမခေါ်ချင်ဘူး။ ဘုရားကပြန်ရောက်ရင် မနက် ၁၀-၁၁ နာရီလောက်မှ ကိုနဲ့တွေ့မယ်လေ။ အိမ်မှာတခုခုလုပ်ကျွေးမယ်"
                   "တကယ်လား ဒါဆိုလဲ ဘယ်တတ်နိုင်ပါ့မလဲ အဲလိုပဲလုပ်တာပေါ့ကွာ"
                   မိုးတိမ်တယောက် နည်းနည်းတော့ဘ၀မကျ။ သူ့ချစ်သူမွေးနေ့ဘုရားသွားတာကို သူလဲလိုက်ချင်သော်လည်း လိုက်ခွင့်မရတဲ့အတွက် သိပ်မကျေနပ်ခဲ့။ ဒါပေမယ့် သူ အကြံအစည်အောင်မြင်တော့မှာမို့ မျိုသိပ်နေလိုက်သည်။ မိုးတိမ် အာကာရှိရာနေရာကိုပြန်လာခဲ့တယ်။

                   "သားကြီး အဆင်ပြေပြီကွ။ သူက မနက်ပိုင်းဘုရားသွားမယ်။ ဘုရားကပြန်လာရင် သူ့အိမ်မှာ ငါ့တို့ကို တခုခု လုပ်ကျွေးမယ်လို့ပြောတယ်။ အဲတော့ ငါကိတ်မုန့်ကိုမနက်ပိုင်းသွားမှာလိုက်မယ်။ ပြီးမှာ သူအိမ်ကို သူ့သူငယ်ချင်းတွေနဲ့အရင်ရောက်အောင်သွားမယ်။ သူ့ပြန်မရောက်ခင် ငါတို့ပြင်ဆင်ပြီး ပုန်းနေလိုက်မယ်ကွာ။ သူပြန်ရောက်တော့မှာ Suprise လုပ်လိုက်မယ်။ အိုကေမှာ စိုပြေပြီကွ ဟားဟား"
                   "အေးဟ မဆိုးဘူး။ မင်းအကြံကောင်းသားပဲ။ ဒါဆို ငါတို့ ကိတ်မုန့်သွားမှာရအောင်"
                   "နေဦးလေကွာ ငါတို့ဘယ်မှာ မှာရမလဲ အကောင်းဆုံးဆိုလို့ ငါသိတာ ရွှေပုစွန်ပဲရှိတယ်"
                   "ရူးနေလားဟ မိုးတိမ်ရ မင်းကလဲ တခြားကောင်းတဲ့ ဆိုင်တွေလဲရှိပါတယ်ဟ မင်းရွှေပုစွန်မှာ သွားမှာမယ်ဆို ကားခတင်မနည်းဘူး။ အဝေးကြီး။ မင်းဒီအောက်မှာ ငါတို့ စားနေကျ season ရှိတယ်။ အဲကမုန့်တွေလဲကောင်းတယ်။ ကိတ်မုန့်လဲ မဆိုးလောက်ပါဘူး။ ငါတို့သွားမေးကြည့်ရအောင်။ နောက်မှ မှာတာ မမှာတာက မင်းအပိုင်း"
                   "အေးသွားကြည့်တာပေါ့ကွာ"
                   ဆိုင်ရောက်တော့ ဆိုင်က ကိတ်မုန့်ဒီဇိုင်းတွေထဲက တခုကိုမိုးတိမ်အလွန်ကြိုက်သွားသည်။ မိုးတိမ်လဲ သူနှစ်သက်တဲ့ စာအုပ်ပုံဒီဇိုင်းနဲ့ ကိတ်မုန့်၂ပေါင်ကိုမှာလိုက်သည်။ ကိတ်မုန့်မှာ ဒီစာလေးပါရေးပေးပါအစ်မ
                   " 18th Happy Birthday
                     Hay Mahn
                   Happy Forever "
                   မိုးတိမ်က စာလေးကိုရိုးရိုးလေးပဲရေးခိုင်းလိုက်တယ်။ တကယ်တော့ ဟေမာန့်အိမ်က အဖေနဲ့အဒေါ်က မိုးတိမ်တို့ကို သူငယ်ချင်းတွေပဲလို့ပဲသိထားတာကြောင့်ပေါ့။
                   မိုးတိမ်က ဟေမာန်ရဲ့မွေးနေ့အတွက် ကိတ်မုန့်သာလုပ်ထားသည်မဟုတ်။ ဆင်တူလက်စွပ်လေးကိုပါလုပ်ထားခဲ့တယ်။ မိုးတိမ်ဆိုတဲ့ကောင်လေး ရဲ့ ခံယူချက်ကထူးဆန်းသည်။ သူ့ချစ်သူမိန်းကလေးတယောက်ဟာ သူ့အတွက်နဲ့ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူတယောက် ဖြစ်စေချင်ခဲ့တယ်။ အဲဒီဆန္ဒကို သူ့ချစ်သူမွေးနေ့မှာ အကောင်အထည်ဖော်မယ်လို့ သူရည်ရွယ်ခဲ့တယ်။
၆-၅-၂၀၁၂ မနက်စောစော မိုးတိမ်တယ်လီဖုန်းလေးမှ အသံထွက်ပေါ်လာတယ်။ မိုးတိမ်ဖုန်းကိုကိုင်လိုက်တယ်။
          "ဟယ်လို ဟေမာန် ပြောပါ"
          "ကို ဒီမနက်ဟေမာန် ဘုရားသွားမယ်"
          "အင်း သိတယ်လေ"
          "မဟုတ်သေးဘူး။ ဟေမာန် ဘုရားကပြန်ရောက်ရင် ကိုနဲ့မတွေ့နိုင်ဘူး"
          "ဘာ ဘယ်လို"
          "မဟုတ်ဘူး သူငယ်ချင်းတွေက သူတို့ကို မုန့်လိုက်ကျွေးခိုင်းတယ်။ ပြီးတော့ သူတို့နဲ့ လျှောက်လည်ရမယ်တဲ့ ညနေ ၄နာရီ ၅နာရီလောက်မှ ပြန်ရောက်မယ်ထင်တယ်။ အဲနောက်ပိုင်းမှတွေ့ရအောင်နော်"
          "ဟာ အဲလိုတော့မလုပ်နဲ့လေကွာ ဒီမှာ ..............."
          " မရဘူး သူတို့က ငယ်သူငယ်ချင်းတွေ သူုတို့စိတ်ဆိုးသွားမှာစိုးတယ်"
          "ဒါဆို ကိုယ် ကရော ဟေမာန်   ကိုယ် ညီမသူငယ်ချင်းတွေနဲ့ မယှဉ်ချင်ပါဘူး။ ဒါပေမယ့် သူတို့ ခုမှပြောတာလေ ကိုက မွေးနေ့မတိုင်ခင် ၁ပတ်လောက်တည်းက ကြိုပြောထားတာလေ။ ဟေမာမွေးနေ့ မှာ ဘုရားလိုက်ချင်တာတောင် ဟေမာန်က မလိုက်နဲ့ဆိုလို့ ကို ဘာမှမပြောပဲကျေနပ်ခဲ့တယ်။ ခုဟာကတော့ကွာ"
          "ဘာလို့အဲလောက်တောင်ဖြစ်နေတာလဲ ဒါလေးက ဘာဖြစ်သွားမှာမို့လဲ"
          "ဟုတ်ပြီလဲ ဘာဖြစ်သွားမှာမို့လဲဆို သူတို့နဲ့အစီအစဉ်ကို ဖျက်လိုက်လို့မပြောချင်ပါဘူး နောက်ကိုရွှေ့လိုက်"
          "မရွှေ့နိုင်ဘူး သူတို့ ငယ်သူငယ်ချင်းတွေ သူတို့က အရေးကြီးတယ်"
          "ဒါဆို ကိုယ်ကရော"
          "အရေးကြီးတာပဲ"
          "ဒါဆို ဘယ်သူက ပိုအရေးကြီးလဲ"
          "သူတို့က"
          "ဒါဆို ကိုယ်ရောအတူတူလိုက်လို့မရဘူးလား"
          "မရဘူးရှင်။ သူတို့က ယောက်ျားလေးတွေများတယ်။ ဟေမာန်နဲ့က အရမ်းခင်တာ။ တော်ကြာလိုက်လာမှ ပြသနာတွေတက်နေမယ်"
          "ကောင်းပြီလေ သိရတာပေါ့ သွားပါ ကြိုက်သလိုသွား ကြိုက်တဲ့အချိန်မှပြန်လာ ဟုတ်ပြီလား မွေးနေ့မှာပျော်ရွှင်ပါစေ ညီမ"
          "ရှင်ဘာဖြစ်နေတာလဲ"
          "ဘာမှမဖြစ်ပါဘူး စကားလေးကို တော့ တော်တော်လေးသဘောကျတယ်ဗျာ"
          "ကလေးလား"
          "မဟုတ်ဘူးလေ ကလေးမဟုတ်လို့ပေါ့ ကလေးသာဟုတ်ရင် ဒီချိန်မှာ..............တော်ပြီကွာ မပြောတော့ဘူး.....ညနေပြန်လာမယ်မလား ညနေပြန်ရောက်ရင် ဖုန်းလေးသာဆက်လိုက်........မင်းခေါ်တဲ့အချိန်ကို ငါအမြန်ဆုံးပြေးလာခဲ့မယ် ဒါပဲကွာ"
          မိုးတိမ်တော်တော်လေးစိတ်ညစ်သွားတယ်။ သူမှန်းထားတဲ့ စိတ်ကူး တစစီ ပျက်သွားခဲ့ပြီ။ နောက်ပြီးစိတ်ဓါတ်လဲတော်တော်လေးကျသွားခဲ့တယ်။
          "သူတို့က ပိုအရေးကြီးတယ်"
မိုးတိမ် စိတ်ကိုမနည်း မပေါက်ကွဲအောင်ထိန်းနေရတယ်။ သူအကောင်းဖက်က လှည့်မြင်ကြည့်ဖို့ကြိုးစားတယ်။
          "အင်းလေ ဟုတ်မှာပါ ဟိုက ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာခဲ့တဲ့သူငယ်ချင်းတွေ ငါက ချစ်သူဖြစ်တာ လပိုင်းပဲရှိသေးတာကို ဒီလောက်တော့ရှိမှာပေါ့ နောက်ပြီး ငါ့ကို သဘောထားကြီးလားမကြီးလား စမ်းချင်လို့လားမှမသိတာ ငါသဘောထားကြီး၊ အနစ်နာခံတယ်ဆိုတာ သူ့သူငယ်ချင်းတွေကို ကြွားချင်လို့နေမှာပေါ့ ထားပါလေ အဲလိုပဲထင်ပါတယ်"
          ညနေမြန်မြန်ရောက်ပါစေလို့ မိုးတိမ်တယောက်ဆုတောင်းနေမိတယ်။ သူ့ဆီက ညနေ ၅နာရီကျော်တဲ့အထိဖုန်းမလာဘူး။ ဒါနဲ့ သူ့သူငယ်ချင်းဆီဖုန်းဆက်လိုက်တယ်။
          "ဟယ်လို သန္တာလားမသိဘူး"    
          "ဟုတ်ပါတယ်"
          "ဟေမာန်ရော"
          "အန် သူအလုပ်သွားပြီလေ ကိုမိုးတိမ်ဆီကို သူဖုန်းမဆက်ဘူးလား"
          "ဟာ မဆက်ဘူးလေ သူဘာတွေလုပ်နေတာလဲဗျာ"
          "သူပြောတယ်အကို သူအလုပ်ဆင်းမှ အကို့ကို တခုခုလိုက်ကျွေးတော့မယ်တဲ့"
          "အဲဒါ သူညနေကလျှောက်လည်နေတုန်း သူ့အလုပ်က ဖုန်းလာတယ် အလုပ်မှ လူသိပ်မရှိလိုတဲ့
သူတို့သူဌေးက လာကူပါဦးဆိုပြီးခေါ်လို့ ပြန်ရောက်ရောက်ချင်း အလုပ်ကိုသွားလေရဲ့"
          "ကောင်းလိုက်တဲ့အလုပ် သူတို့သူဌေးကလဲ အလုပ်အကြီးတွေသာလုပ်နေတာ သူများနားရက်တောင် အဲလို  ခေါ်ခိုင်းတတ်တာပဲလား ကောင်းတယ် သိပ်ကောင်း ဟိုတယောက်ကလဲ ခေါ်တာနဲ့သွားတာပဲ ကောင်းပါတယ် အားလုံးကောင်းကြပါတယ်"
          "သန္တာ ကျေးဇူးပဲဗျာ သူအလုပ်ဆင်းရင် ညီမတို့ သူငယ်ချင်း ၂ယောက်လဲ လာမယ်မလား"
          "ညီမတော့လာဖြစ်မယ်မထင်ဘူး ငယ်လေးတော့ လာမယ်နဲ့တူတယ်"
          "အော် အင်း သူလာမယ်ဆိုရင် ကျွန်တော့်ဆီဖုန်းဆက်ပါလို့ အတူတူသွားရအောင်လို့ပါ ကိစ္စလေးရှိလို့"
          "ဟုတ်ပြောလိုက်ပါ့မယ် သူ့ကိုဖုန်းဆက်ခိုင်းလိုက်မယ်လေ"
          "'ဒါဆိုဒါပဲနော် ညီမ"
                      မိုးတိမ်တော်တော်လေးစိတ်ပျက်သွားပြီ။ ဟေမာန် တော်တော်လုပ်ရက်တယ်ဟုလဲ တွေးနေမိတယ်။ ဒါပေမယ့် မိုးတိမ်တယောက်ချစ်လို့ သည်းခံဖို့ဆုံးဖြတ်ထားခဲ့သည်။ မိုးတိမ်တယောက် ဖတ်ဖူးသည့်စကားစုလေးရှိသည်။ လောကမှာ "လူတော် ဆိုတာ သည်းခံနိုင်သည့်အတိုင်းအတာထက် ကျော်လွန်ပြီး သည်းခံနိုင်သူဖြစ်တယ်" အဲဒီစာသားကိုပြန်လည်မြင်ယောင်မိရင်း စိတ်တွေကို လျှော့ထားလိုက်တယ်။ ပြီးတော့ ဒီနေ့သူမမွေးနေ့မှာ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဟေမာန်ကို စိတ်ညစ်သွားအောင်မလုပ်ချင်။ ည ၇နာရီထိးုတော့  ဟေမာန်သူငယ်ချင်း ငယ်လေးဆီမှာဖုန်းလာသည်။ သူမကို အတူတူသွားရန်ကားမှတ်တိုင်မှာချိန်းလိုက်သည်။ နောက်တော့ ကားပေါ်ရောက်မှ မိုးတိမ်သတိရသည်။ ဟေမာန့်မွေးနေ့မှာ အမှတ်တရဖြစ်အောင် တခုခု ရေးပေးချင်တာကြောင့်  Junction Square ရောက်မှာ စာလိပ်လေးတွေထည့်ထားတဲ့ ဖန်ပုလင်းလေးဝယ်မယ်ဟုကြံရွယ်လိုက်သည်။  Junction Square ကိုရောက်သွားတော့ ငယ်လေးကို သေချာမှာလိုက်သည်။ ဟေမာန်ကိုမပြောဖို့။ မိုးတိမ်မွေးနေ့ကိတ်လုပ်ထားသည်။ ကိတ်မုန့်ကိုသွားယူပြီး အပေါက်ဝကပဲစောင့်နေတော့မည်။ ငယ်လေးကသာ ဟေမာန်ကို ခေါ်ခဲ့ဖို့ပြောလိုက်သည်။ မိုးတိမ်နဲ့ အာကာတို့၂ယောက် မွေးနေ့ရှင်ဟေမာန်ကို စောင့်ရင်းစကားတွေပြောနေခဲ့ကြတယ်။
          ဟေမာန်ထွက်လာတော့ မိုးတိမ်က ချက်ချင်းပဲ shopping mall အပေါက်ဝရှေ့တည့်တည့်ရောက်လာတဲ့ taxi ကိုတားလိုက်ပြီး ခါးတိုင်းဈေးဆစ်နေကြပေမယ့် ဒီနေ့တော့ ဈေးတောင်မမေးပဲ ကန်ဘောင်ကို မောင်းခိုင်းလိုက်တယ်။ ကားပေါ်ရောက်တော့ မေမာန်က မြင်ပြီးနေပြီလေ မွေးနေ့ကိတ်ကို။ သူမျက်လုံးက အရောင်တွေလက်နေတယ်။ မျက်ရည်တွေဝဲပြီး ရွှင်းလဲ့နေတာကို မိုးတိမ်တယောက်မြင်ခဲ့ရတယ်။ နောက်ပြီး ဟေမာန် ကပြောလိုက်တယ်။
          "ကို ဘာလို့ဒါတွေလုပ်လားတာလဲတဲ့"
          မိုးတိမ်တခွန်းပဲပြန်ပြောတယ်။
          "ဟေမာန်ကိုပျော်စေချင်လို့"
          တကယ်လဲဟုတ်သည်။ ဟေမာန်တယောက် အတိုင်းမသိဝမ်းသာ၍ မျက်ရည်များပင် ၀ဲနေလေသည်။ မိုးတိမ်လဲ သူ့ချစ်သူခုလိုပျော်နေတာကိုမြင်ရတော့ အတော်ဝမ်းသာသွားသည်။ ဘေးနားရှိသူငယ်ချင်းများသည်လည်း သူတို့နှင့်ထပ်တူ အပျော်တွေစီးကူးသွားသည်။ ကားသည်သိပ်မမောင်းလိုက်ရ။ ညပိုင်းဖြစ်တာမို့ ကားတွေအတော် ကြဲနေတာကြောင့် အင်းယားကန်ဘောင်ကို အလျင်အမြန်ရောက်သွားသည်။
                   ကန်ဘောင်ကိုရောက်တော့ လူရှင်းပြီး လင်းသည့်နေရာရှာရသည်။ ဒါမှလဲ မွေးနေ့ကိတ်ခွဲပြီး၊ သူငယ်ချင်းတွေအားလုံးကျွေးဖို့အဆင်ပြေမည်။ ကိတ်မုန့်ဘူးကိုဖွင့်လိုက်တော့ ဟေမာန်မှင်တက်သွားသည်။
                   "ကိတ်မုန့်ကလဲ ကြီးလိုက်တာ။ လူ၎ယောက်တည်းဘယ်လိုစားလို့ကုန်ပါ့မလဲ" ဟေမာန်ကပြောလိုက်သည်။
"ဟုတ်တယ်လေ ၄ယောက်တည်းစားဖို့မဟုတ်ပါဘူး။ အိမ်ကိုယူသွားလို့ရအောင်ပါလုပ်ထားတာပါ။ ဟိုနေ့ကပြောခဲ့တည်အစီအစဉ်အတိုင်းဆို ဟေမာန့်အိမ်မှာလုပ်ဖြစ်မှာလေ။ ပြီးတော့ အိမ်နားကလေးတွေရော လူကြီးတွေပါ ကျွေးလို့ရအောင်လုပ်ထားတာပါ။ နောက်ပြီးဒါလေးတွေလဲပါတယ်"
ဆိုပြီး မိုးတိမ်တယောက်ကျောပိုးအိတ်က တစုံတခုကိုဆွဲထုတ်က မိုးပေါ်ကိုထောင်လိုက်၏။
ချက်ချင်းဆိုသလို "ဖောင်း" လို့မြည်ပြီး စက္ကူစလှလှလေးတွေကျလာလေသည်။ နောက်တော့ သံပြိုင်ဆိုလိုက်ကြသည်။
                   "Happy Birthday To You Happy Birthday To You Happy Birthday Hay Mann Happy Birthday To You "
ဟေမာန်တယောက်ငိုင်နေကာ အတော်လေး အံ့သြနေလေသည်။ နောက်ပြီး သူမက မိုးတိမ်ကိုပြောလိုက်တယ်။
                   "ဒီနေ့ ကတိဖျက်မိတာ ဆောရီးပါ"
                   "ရပါတယ်ဗျာ ဟေမာန်ပျော်ခဲ့တယ်မလား ဟေမာန်ပျော်ခဲ့တယ်ဆိုရင်ရပြီ"
                   "မွေးနေ့မှာ ဘာစိတ်ညစ်စရာမှမတွေးပါနဲ့ နောက်ပြီးပေးစရာရှိပါသေးတယ်"
လို့ပြောရင်း ဘောင်းဘီအိတ်ကပ်ထဲက အသဲပုံဘူးလေးကိုယူလိုက်သည်။
                   "အထဲမှာဘာရှိလဲ သိလားဟေမာန်"
                   "အော်သိတာပေါ့ လက်စွပ်မလား"
                   "ဘယ်နှကွင်းလဲ"
                   "တစ်ကွင်း အန် ဟုတ်ဘူး နှစ်ကွင်း"
          "မှန်တယ်" ဟု ပြောရင်း မိုးတိမ်လက်ထဲမှာ ဘူးလေးကို ဟေမာန်ဆွဲလုလိုက်သည်။
ဘူးကလေးပွင့်သွားပြီး လက်စွပ်တကွင်း အောက်သို့ကျသွားသည်။ မှောင်မှောင်မည်းမည်း ရုတ်တရက်မို့ ဘယ်ကျသွားလဲမသိတာကြောင့် မနည်းရှာယူလိုက်ရသည်။ အဲဒီအချိန်ကတည်းက မိုးတိမ်သိခဲ့ဖို့ကောင်းသည်။ ဒါဟာ ကြိုတင် နိမိတ်ဖတ်ခြင်းလော။ မိုးတိမ်တို့၂ယောက်လက်စွပ်တယောက်ကိုတယောက်ဝတ်ပေးပြီး လက်လေးတွေယှဉ်ကာ ဓါတ်ပုံရိုက်ခဲ့ကြသည်။ အဲဒီအချိန်ကတည်းက ဟေမာန်သည် မိုးတိမ်ကို သူ၏ဓါတ်ပုံကို မပေးခဲ့ဘူးသလို ဓါတ်ပုံရိုက်ခွင့်မရှိခဲ့။ အဲနေ့က သူငယ်ချင်းတွေက တောင်းဆိုကြသည်။ ဟေမာန့်နှင့် မိုးတိမ် တယောက်ကို တယောက် အပြန်အလှန်နမ်းခိုင်းကြသည်။ မိုးတိမ် မ၀ံ့ရဲ။ ဟေမာန်ကို မလုပ်ချင်ဟုဆိုသောကြောင့်။ ဓါတ်ပုံလဲ ၂ယောက်အတူတူတွဲရိုက်ချင်ခဲ့သည်။ ၇ိုက်ခွင့်မရခဲ့။ မိုးတိမ်အတင်းတောင်းဆိုချင်သော်လည်း မိမိလုပ်ထားသည်များကို အခွင့်ကောင်းယူသည် ဟုထင်မှာစိုးသောကြောင့်အောင့်အီးထားခဲ့သည်။ နောက်ဆုံးတော့ ၀ယ်လာတဲ့ဖန်ပုလင်းလေးထဲက စာလိပ်လေးတွေယူကာ သူငယ်ချင်းတွေစာရေးပေးကြသည်။ မိုးတိမ်တယောက် သူများတွေဘယ်လိုရေးမည်မသိ။ မိုးတိမ်ရေးခဲ့တာတော့.............
                   "ညီမလေး ဟေမာန် ယနေ့ ၁၈နှစ်ပြည့်မွေးနေ့မှစ၍ နောက်လာမယ့်မွေးနေ့တိုင်း ကိုယ် နဲ့ အတူရှိနေနိုင်ပါစေ"
                   နောက်တော့ မွေးနေ့ရှင် ဟေမာန်က ကိတ်မုန့်လှီး တယောက်စီခွံ့ကျွေးကြ၊ နောက်တော့ မုန့်တွေနဲ့ပေါက်ကြနှင့် တိတ်ဆိတ်နေတဲ့ အင်းယားကန်ဘောင်ဟာ မိုးတိမ်တို့အဖွဲနှင့် ဆူညံနေခဲ့သည်။ အဲအချိန်မှာ မိုးတိမ်သူငယ်ချင်းတယောက်ထပ်ရောက်လာခဲ့သည်။ ထိုနေ့ထိုချိန်ထိ မိုးတိမ်တယောက် ဟေမာန်ရဲ့ အနမ်း၊ ဟေမာန်ရဲ့ အလေးထားမှု တခုမှမရခဲ့ပေ။ ည၁၀နာရီခွဲကျော်လာတော့ မိုးတိမ်တို့ taxi နှင့်ပင် ဟေမာန်တို့ ကိုလိုက်ပို့ခဲသည်။ အပြန်မှာတော့ မိုးတိမ်နှင့် သူငယ်ချင်း ၃ယောက် အိမ်ထိပင်လမ်းလျှောက်ပြန်ခဲ့သည်။
                   မွေးနေ့ပြီးနောက်နေ့မနက်မှာ မိုးတိမ် ဟေမာန့်ဆီမှာ မနက်စောစော ဖုန်းလားမလားဟုမျှော်နေသော်လည်းမလာခဲ့ပေ။ ညနေစောင်းလောက်မှ ဖုန်းလာသည်။ မွေးနေ့တုန်းက အတွက်ကျေးဇူးတင်ကြောင်း၊ နောက်နေ့မှတွေ့တော့မည်ဟုပြောက ဖုန်းချသွားခဲ့သည်။
                   အမှန်တကယ်တော့ မိုးတိမ် ၂လစာ စုထားသော ပိုက်ဆံတွေပြောင်သွားခဲ့သည်။ ထို့ကြောင့် အဲဒီရက်ပိုင်းအတွင်း အပြင်လဲထွက်လို့မရ။ ဖုန်းဆက်ဖို့ကလဲ ဖုန်းဘေလ်နည်းနေသောကြောင့် မိုးတိမ်တယောက်အိမ်တွင်သာ ခြေချုပ်မိနေခဲ့သည်။ နောက်တော့ မိုးတိမ်တယောက် ကျောင်းတွေပြန်ဖွင့်သွားခဲ့သည်။ ကျောင်းမဖွင့်မီ ဟေမာန်နှင့် ရုပ်ရှင်သွားကြည့်မည်ကြံရွယ်ခဲ့သော်လည်း မဖြစ်ခဲ့။
          ကျောင်းစဖွင့်သည့်နေမို့ မိုးတိမ်တက်ကြွနေသည်။ ထို့ပြင် ကျောင်းများသည်ထုံးစံအတိုင်း ဖွင့်သည်ဆိုသော်လည်း စဖွင့်သည့်နေမှာ လူမစုံ သည်ကတကြောင်း၊ ဆရာမလာသည်ကတကြောင်းမို့ အတန်းရှိသည်ဆိုသော်လည်း ခဏသာသင်၊ တချို့ အတန်းဆို ၀င်၍ပင်မသင်။ မိုးတိမ်သည် မုန့်ဖိုးရအောင် ကျောင်းသို့လာခဲ့ခြင်းသာဖြစ်သည်။ စာမသင်သည်မှာ စတုတ္ထနှစ်ကျောင်းသားပီပီသိနေလေပြီ။ မိုးတိမ် မနက်ခင်းတော့ ကျောင်းမှာနေ၍ နေ့လည်တွင် အိမ်ပြန်ခဲ့သည်။ အပြန်တွင် ချစ်သူရှိရာ Junction Square သို့ဝင်မည်ဟု စိတ်ထဲရည်ရွယ်ထားခဲ့သည်။ နောက်ပြီး ဟေမာန်ချစ်သူမိုးတိမ်ဆိုသူသည် အပေအတေမဟုတ်။
မြန်မာနိုင်ငံရှိ အမှတ် အမြင့်ဆုံးတက္ကသိုလ်တွင်တက်နေသူပါဟု ကြွားချင်ချင်ဖြစ်နေသည်။ မိုးတိမ်ကြွားလဲကြွားချင်စရာ။ မိုးတိမ်နှင့် ဟေမာန်ချစ်သူစဖြစ်စဉ်ကာလက မိုးတိမ် ညတိုင်းညတိုင်း ဟေမာန် ကိုသွားကြိုတိုင်း ဆိုင်နီးနားပတ်ဝန်းကျင်က မိုးတိမ်ကို မျက်လုံးအမျိုးမျိုးနှင့်ကြည့်ကြသည်။ ထိုအထဲအဆိုးဆုံးက လှေကားအတက်နားက ဆိုင်ကဖြစ်သည်။ ခပ်၀၀နှင့်အစ်မကြီးတယောက်သည်။ တနည်းမဟုတ် တနည်းနှင့်စသည်။ ပြန်ကြည့်လိုက်ရင် အထင်သေးသောမျက်လုံးမျိုးနှင့်သာဖြစ်သည်။ မိုးတိမ်ကလဲယူဆထားသည်။
          "ငါညတိုင်း ညတိုင်းလာကြိုနေလို့ သူတို့က ငါ့ကို အလုပ်မရှိအကိုင်မရှိ 109-110 ထင်နေတာဖြစ်မည်" ဒါကြောင့်လဲ မိုးတိမ် ကျောင်းဖွင့်ဖွင့်ချင်း ယူနီဖောင်းလေးနှင့် ခေါင်းမော့ ရင်ကော့ ကာ သွားလိုက်မည်ဟုတေးထားခြင်းဖြစ်သည်။ မှန်သည်။ မိုးတိမ်ရောက်သွားတော့ ထိုအစ်မကြီး အံသြနေသည်။ သူတို့ထင်ထားသလိုမဟုတ်ပဲ တမျိုးဖြစ်နေသောကြောင့်။ မိုးတိမ်ချစ်သူ ဆိုင်ကိုရောက်တော့ သူတို့သူဌေးရှိနေသည်။ အဲဒါကြောင့် ဖြတ်လျှောက်ကာ အမူအယာနှင့်ခဏလေး ထွက်ခဲ့ပါဟုပြောလိုက်သည်။ မိုးတိမ်သည်ဟေမာန်ကို စောင့်နေကြ မျက်စောင်းထိုး ဓါတ်လှေကားအဆင်ထောင့်လေးတွင် နာရီဝက်ကြာမျှစောင့်နေလိုက်သည်။ ဟေမာန်က လှမ်း၍ပင်မကြည့်။ မိုးတိမ် အတော်ကလေး စိတ်တိုသွားသည်။
          ဒါနဲ့ နေ့လည်စာမစားရသေးသည်မို့ အောက်ထပ်က ထိုင်နေကြ season မှာ သွားထိုင်၍ မုန့်စားကာ အချိန် ၁နာရီမျှဖြုန်းလိုက်သည်။ နောက်တော့ ပြန်တက်သွားခဲ့သည်။ ကံကောင်းသည်ဟုဆိုရမလားမသိ။ ဆိုင်တွင်ဟေမာန်တယောက်တည်းရှိနေသည်။ မိုးတိမ်လဲ ဟေမာန့်ကိုစကားသွားပြောသည်။ ဟိုးတနေ့က အလုပ်ပိတ်ရက်ရောက်ရင် ရုပ်ရှင်ကြည့်မယ်လို့ကတိပေးထားတာ အဲနေ့ ဘယ်ရုံသွားကြည့်မလဲဟု မေးသည်။ ဟေမာန်က အဲနေ့ မနားရတော့ဘူး အလုပ်ဆင်းရမှာဟု ပြောသည်။ မိုးတိမ်အတော်လေးပေါက်ကွဲလာသည်။
                   " ကိုယ် မင်းကို စောင့်နေကြနေရာမှာ နာရီဝက်တိတိ မင်းကိုလှမ်းကြည့်ရင်းစောင့်နေခဲ့တယ်။ မင်းကတော့ ငါ့ကို လှည့်တောင်မကြည့်ဘူး"
                   "ပြီးတော့ ကတိထပ်ဖျက်ပြန်ပြီ။ ဟေမာန်မွေးနေ့တုန်းကလဲ ကတိဖျက်တယ်။ အဲနေ့တုန်းက အရမ်း တင်းတယ်။ ဒါပေမယ့် ဟေမာန်မွေးနေ့မှာ စိတ်ညစ်အောင်မလုပ်ချင်လို့ ကိုယ် ဘာမှမပြောခဲ့ဘူး ခုဟာကတော့လွန်ပြီနဲ့တူတယ်"
                   "လွန်တယ်လို့ထင်လဲမတတ်နိုင်ဘူး ကိုမိုးတိမ် ဒါက သူတို့က မှ နားခွင့်မပေးတာ။ ခုဆိုင်မှ ဟေမာန်တယောက်ပဲရှိတာ"
                   "ဘာပဲဖြစ်ဖြစ်ပေါ့ မင်းက ငါ့ကို ဘယ်တော့မှအလေးမထားဘူး ပေါ့ပျက်ပျက်နိုင်လွန်းတယ်။ ပြီးတော့ ငါခု ငါ့သူငယ်ချင်း အာကာနဲ့သူကောင်မလေးပါ ပါမှာ သူတို့အတွဲနဲ့အတူ လိုက်မယ်လို့မင်းပဲကတိပေးခဲ့တာ။ ခုအဲလိုလုပ်တော့ ငါအရူးဖြစ်တာပေါ့။ ပြီးတော့ ငါ့ဘ၀မှာ ကတိလွယ်လွယ်ပေးပြိး လွယ်လွယ်ဖျက်တဲ့သူကို အမုန်းဆုံးပဲ"
                   "ဘာမှကြီးကြီးကျယ်ကျယ်လာမပြောနဲ့ အဲလောက်မှရုပ်ရှင်သွားကြည့်ချင် ကိုယ့်ဟာကိုယ်တယောက်တည်းသွားကြည့်ပေါ့။ ကျွန်မတော့ အလုပ်ရှိသေးတယ်။ မလိုက်နိုင်ဘူး။ ဒါပဲ ဆိုင်ရှင်လာရင်အပြောခံနေရမယ် ရှင်ပြန်တော့"
                   "အေး ပြန်မှာပါ မင်းပြောစရာမလိုပါဘူး ငါကလဲ အားနေယားနေတဲ့ကောင်မဟုတ်ဘူး"
                   မိုးတိမ်တယောက် ဒေါသတော်တော်ထွက်သွားသည်။ ပြီးတော့ ကိုယ့်နား ကိုယ်တောင်မယုံချင်။ ဟေမာန်တယောက်စကားပြောတွေ ရင့်လွန်းသည်။ အရင်ကနှင့်မတူ။ ချစ်သူစဖြစ်စဉ်က ဟေမာန် ခုဟေမာန်နှင့်တခြားစီဖြစ်သွားခဲ့ပြီ။ မိုးတိမ်ကို အာကာကပြောသည်။ မင်းက အရမ်း သူ့ကို ဂရုစိုက်ပြတာကို။ ခုတော့ မင်းကိုနိုင်နေပြီ။
                   "သားကြီး မင်း သူအချိုးတွေကလွန်းလွန်းတယ် မင်းလိုလူမျိုးကို သူဒီလိုမဆက်ဆံသင့်ဘူး၊ ငါပြောမယ် မင်းလဲ ခပ်မှန်မှန်သာနေတော့၊ ဒါမှ သူမကျေနပ်ရင် မင်းဖြတ်လိုက်တော့ကွာ" ဟု မကျေနပ်သလိုပြောသည်။
                   မိုးတိမ်တယောက်မကြားချင်ဆုံးစကားဖြစ်သော "ဖြတ်လိုက်" ဟူသောစကားကို မိုးတိမ်ကြားလာရပြီဖြစ်သည်။ ဟေမာန်တယောက် မိုးတိမ်အပေါ် ဆက်ဆံရေးတွေပြောင်းသွားခဲ့တာ သူ့မွေးနေ့ကတည်းကပေါ့။ အစကတော့ စိတ်ကထင်တာပါဟု တွေးသော်လည်း ခုက စေ့စေ့တွေးရေးရေးပေါ်ဆိုသလို သူမ ပုံစံတွေပြောင်းလဲလာတာ အရှင်းကြီးပေါ်လာခဲ့သည်။ သို့သော် မိုးတိမ်တယောက် သူအမှားဆို ဘာအမှားမှ မလုပ်ပါပဲနဲ့ ဒီလိုကြီး အလကားနေရင်း ဘာကြောင့်ပြောင်းလဲသွားသည်ကို အဖြေရှာမရခဲ့။ ဒီလိုနဲ့ မိုးတိမ် သူ့ချစ်သူနှင့် စကားများပြီးတဲ့ နေ့ကတည်းက  သူမဆီ ဖုန်းလဲမဆက်တော့ သွားလဲမကြိုတော့။ နောက်ပြီး ကျောင်းပါမသွားတော့ပေ။ သို့ပေမယ့် ကျောင်းက စဖွင့်စမို့ ၁ပတ်လောက် စာမသင်ဖြစ်ဖူးဆိုတာ မိုးတိမ်သိသောကြောင့်လဲပါသည်။
ဒီလိုနဲ့ ၃ရက်ကမြောက်နေ့မနက်မှာ မိုးတိမ် ဖုန်းကို အမည်မသိတဲ့ ဖုန်းဝင်လာခဲ့တယ်။
                   "ဟယ်လို ဘယ်သူလဲမသိဘူး"
                   "တို့လေ မေ့နေပြီလား"
                   "ဘယ်ကတို့လဲ မသိဘူး"
                   "ကို့ချစ်သူလေ"
                   "ဟင် ဟေမာန်လား"
                   "အင်း ဟုတ်တယ် အသံတောင်မမှတ်မိတော့ဘူးလား"
                   "ဟုတ်ပါဘူး လူမှားမှာစိုးလို့ ပြီးတော့ လူက ခုမှ အိပ်ယာကနိုးတာကို နောက်ပြီး ဖုန်းနံပါတ်က အသစ်ကြီးမို့"
                   "ဘယ်က ဖုန်းနဲ့ဆက်နေတာလဲ"
                   "ဟေမာန် ဖုန်းဝယ်လိုက်ပြီလေ"
                   "ဟုတ်လား....ဟေမာန်ပြောတော့ ကို့ယ်ကို လိုက်ဝယ်ခိုင်းမယ်ဆို"
                   "ခုတော့ ဘယ်လိုဖြစ်ရတာတုန်း"
                   "ဘာရယ်မဟုတ်ပါဘူး ဒီလိုပါပဲ"
                    "ဟေမာန်ကို ကို သေချာပြောထားရက်နဲ့ ဟေမာန်ဖုန်းဝယ်ရင် ကိုယ် လိုက်ဝယ်ပေးမယ်လို့ နောက်ပြီး ဟေမာန်ပဲ ကိုယ်နဲ့မှသွားဝယ်မယ်ဆိုပြီး ဟေမာန် အပြောနဲ့အလုပ်တခုမှမညီဘူးနော်"
                   "ဘာမှလဲမဆိုင်ဘူး"
                   "ဆိုင်ပါသကောဗျာ ဟိုနေ့ကလည်း လျှောက်လည်မယ်ဆိုတဲ့ကတိဖျက်တယ်၊ မွေးနေ့တုန်းကလဲ ဒီတိုင်းပဲ၊ ခုကရော အတူတူပဲ၊ ထပ်ပြီးပြောရရင် သင်္ကြန်တုန်းကတောင်မှ လျှောက်လည်ရင် လိုက်မယ်ဆိုပြီး နောက်ပြီး ဖျက်တာပဲမဟုတ်လား။ ဘာလို့ အဲလောက်တောင် ကို့ယ်အပေါ်ကို ပေါ့ပျက်ပျက်နိုင်ရတာလဲ"
                   "အဲဒါတော့ မသိဘူးလေ စိတ်ထဲမှာရှိတဲ့အတိုင်းလုပ်တာပဲ"
                   "ပြောပါဗျာ စိတ်ထဲမှာရှိတဲ့အတိုင်းပဲ ကျုပ်ကိုရော ဘယ်လိုသဘောထားလဲ၊ နောက်ပြီး ဟေမာန် ကတိဖျက်တယ်၊ ဟိုးနေ့တုန်းကလဲ စကားပြောတာ အရမ်းရင့်တာပဲ ကျုပ်သိသလောက်တော့ ဟေမာန် ကိုယ့်ကို မချစ်ဘူးထင်တယ်"
                   "အင်း ......ဟုတ်မှာပေါ့"
                   ဟေမာန်ခပ်အေးအေးလေးပြန်ပြောလိုက်သည်။ မိုးတိမ် တယောက်နှလုံးသွေးတွေ ဆူပွတ်သွားလေပြီ-
                   "ဘာ ဘယ်လိုပြောလိုက်တယ် ဟုတ်မှာပေါ့ ဟုတ်လား"
                   "အော် ဒါလေးကိုဘာဖြစ်ရတာလဲ၊ အဲလောက်တောင်စကားလေးတခွန်းကို အဲလောက်ဖြစ်ရလား"
                   "ဘာ စကားလေးတခွန်းလဲ အဲဒီစကားမျိုးကို အဲလိုပဲ လွှတ်ခနဲပြောရလား"
                   "မချစ်ဘူးဆိုတာကို ယုံတယ်ပေါ့"
                   "အဲဒါတော့ သေချာမသိဘူး လက်တွေ့ဖြစ်နေတာကို ကြည့်ရရင်တော့ သံသယဖြစ်စရာပဲ"
                   "ကဲဒီလောက်တောင်ရှိတာ ပြောပြမယ် ချစ်တယ်"
                   "ဒါဆို အရင်က ချစ်သူတွေအပေါ်ရော အဲလိုပဲ လုပ်တာပဲလား"
                   "မလုပ်ဘူး တခါမှမလုပ်ဖူးဘူး"
                   "ဒါဆို ဟေမာန် ကိုယ့်ကို အရင်ကလူတွေလောက်မချစ်တာတော့သေချာတယ်"
                   "အင်း အဲဒါဟုတ်တယ် တကယ်ပဲ ဟေမာန်ဘာလို့မှန်းမသိဘူး အရင်က တယောက်လောက်တော့ မချစ်ဘူးထင်တာပဲ"
                   "ကောင်းပါပြီလေ ဒါဆိုရှင်းသွားပြီပဲ ခုလိုပြောထွက်တဲ့ ဟေမာန့်ကိုကျေးဇူးတင်ပါတယ်၊ ဒါများဗျာ အစောကတည်းကပြောရောပေါ့”
                   "ဒါတော့ ဟေမာန်လဲသေချာမသိဘူး၊ဒါပေမယ့် ခုတလော ဟေမာန့် စိတ်က ကိုယ့် အပေါ်ကိုအဲလိုဖြစ်နေတာဆိုတော့ အဲလိုပဲထင်တယ်"
                   "ဒါဆိုအရင်က ဖြတ်သွားတဲ့ သူကသာ ပြန်တွဲမယ်ဆိုရင်ဘယ်လိုလဲ"
                   "ပြန်တွဲမိမလားပဲ သေတော့မသေချာပါဘူး"
                   "အော် ခုလိုစကားတွေကို အေးအေးလေးဖြေနိုင်တဲ့ ဟေမာန့်ကိုလေးစားပါတယ် ဒီလောက်ဆိုသဘောပေါက်ပါပြီ၊ ကိုယ်ပြောခဲ့တဲ့စကားတွေကို ကိုယ်တာဝန်ယူနိုင်ပါစေ ဒီနေ့ကစပြီး မေ့ပစ်ဖို့ကြိုးစားပါတော့မယ်၊ နောက်တွေ့စရာမရှိတော့ပါဘူး၊ တခုတော့ပြောမယ်ဗျာ............ခင်ဗျားလေး အရမ်းရက်စက်တယ်"
                   မိုးတိမ်တယောက် ဘာလုပ်ရမှန်းမသိ၊ စိတ်တွေဆောက်တည်ရာမရဖြစ်နေသည်။ အချစ်ကြောင့် လောင်သောမီးသည် ခုတော့ မိုးတိမ်နှလုံးသားတခုလုံးသာမက ဦးနှောက်ထိပါ ကူးစက်လောင်ကျွမ်းနေလေသည်။ မိုးတိမ် ခုအဖြစ်အပျက်ကို တယောက်ယောက်ကိုပြောမှ ခံစားနိုင်မည်ထင်သည်။ မိုးတိမ် သူ၏ သူငယ်ချင်းအာကာကို ဖုန်းဆက်လိုက်သည်။
                   "သားကြီး မင်းကျောင်းမသွားဘူးမလား၊ ကျောင်းမသွားဘူးဆို ငါ့အိမ်ကိုအမြန်လာခဲ့ပါကွာ၊ ငါနေလို့မရတော့လို့ပါ"
                   "အေး ဘာဖြစ်တာတုန်းဟ မိုးတိမ်ရ၊ အိမ်မှာတော့ အိမ်မှာပါ ငါခုချက်ချင်းလာခဲ့မယ်"
                   အာကာရောက်လာတော့ မိုးတိမ် အိမ်ရှေ့က ဒန်းလေးပေါ်မှာ ငူငူကြီးထိုင်နေလေရဲ့ ။
                   "ဟိတ်ကောင် မင်းဘာဖြစ်တာလဲကွ၊ ရုပ်က လဒ မိုးမိထားတဲ့ပုံနဲ့"
                   "အေး မင်းပြောတာထက်တောင် ပိုသေးတယ် လဒ မိုးကြိုးပစ်ခံထားရတာကွ"
                   "ဒီလိုကွာ"
                   မိုးတိမ်တယောက် အာကာ့ကို အဖြစ်အပျက် အစုံကိုပြောပြလိုက်တယ်။ အာကာက တခွန်းတည်းမှတ်ချက်ပေးတယ်။
                   "မင်းက အရမ်းချစ်ပြတာကို ငါထင်သားပဲ သူ့ပုံစံက အဲလိုဆိုတာ"
                   "အေးပါ ထားလိုက်ပါတော့ ငါ့အပြစ်နဲ့ငါပဲရှိပါစေတော့"
                    "မင်းခုဘာလုပ်ချင်လဲ သားကြီး"
                    "အေး ကန်ဘောင်သွားချင်တယ်ကွာ စိတ်ပြေလက်ပျောက် နည်းနည်း လဲသောက်လိုက်ချင်တယ် ဒါမှ ခံစားလို့ရမယ်ထင်တယ်"
                    "မင်း သောက်ချင်တာကိုတော့ ငါဘာမှမပြောချင်ပါဘူး ဒါပေမယ့် အသဲကွဲလို့ သောက်တာကြီးကတော့ လူကြားမကောင်းဘူး"
                    "လုပ်မနေနဲ့ကွာ လူကြားကောင်းတာတွေ ခွေးကြားကောင်းတာတွေ ငါမသိဘူး၊ ငါဘယ်တော့မှ သူတပါးကို နစ်နာအောင်မလုပ်ဖူးဘူး၊ ဒါပေမယ့် ငါ့ကျတော့ လူတွေက အနိုင်ကျင့်လွန်းတယ်၊ အဲတော့ ခုတော့ ငါသောက်မယ် မူးအောင်သောက်မယ်၊ မင်းသာငါ့ကိုထိန်းဖို့ပြင်ထား"
          တကယ်ပဲ မိုးတိမ်တယောက် ငယ်ငယ်ကတည်းက ဒီအရွယ်ထိ အရက်လုံးဝမသောက်ဘူးခဲ့။ ဘီယာနဲ့ဝိုင်သာသောက်ဖူးခဲ့သည်ဆိုသော်လည်း များများစားစားမဟုတ်ခဲ့။ ထိုနေ့တော့ မိုးတိမ် ဘီယာနဲ့ဝိုင်ကို ရေသောက်သလို အားပါးတရသောက်ပြီး အာကာနှင့်အတူ ကန်ဘောင်မြက်ခင်းပေါ်တွင် မှေးစက်ကြလေပြီ။ မိုးတိမ်ဖုန်းလေး တတီတီနဲ့မြည်လာလေသည်။ မိုးတိမ် မျက်လုံးပင်ဖွင့်မကြည့်။ အာကာ့ဖက်ကိုလွှဲပေးလိုက်သည်။
          "ဟေ့ကောင် ဘယ်သူလဲမသိဘူး"
          "ဘယ်သူဖြစ်ဖြစ် ငါမပြောချင်ဘူး မင်းပြောလိုက်"
          "ဟယ်လို ကိုမိုးတိမ် ဘယ်မှာလဲ"
          "ဟင် ဟေမာန်လား"
          "အင်း ဟုတ်တယ် ခုပြောနေတာဘယ်သူလဲမသိဘူး"
          "အာကာပါ"
          "ကိုမိုးတိမ်ရော ဟင်"
          "ခုမှ လာမမေးပါနဲ့ဗျာ ကျုပ်အကုန်သိပြီးပြီ ခုဒီကောင် အရမ်းခံစားရလို့ဆိုပြီး ကျုပ်နဲ့အတူသောက်နေတယ် သူက ဘယ်သူနဲ့မှ စကားမပြောချင်ဘူးတဲ့"
          "မပြောလို့မဖြစ်ဘူး ခုသူကဘာလို့သောက်နေတာလဲ ဒီကသူ့ကို ချစ်လို့စလိုက်တာပါ"
          "ဘာ..... စလိုက်တာ ဟုတ်လား ဒါက စ စရာလားဗျ"
          "စ စရာမဟုတ်မှန်းသိပါတယ် ဒါပေမယ့် သူဘယ်လိုဖြစ်မလဲဆိုတာသိချင်လို့"
          "ကောင်းရော ဟိုကတော့ တော်တော်လေးမူးနေတယ် စကားပြောနိုင်ပ့ါမလားမသိဘူး သူနဲ့သာပြောတော့"
          "ဟေ့ကောင် မိုးတိမ် ထဦးဟ မျက်လုံးဖွင့်ဦး မင်းကောင်မလေးဆီက ဖုန်းလာတယ်"
          "အဲဒါဘာဖြစ်လဲ"
          "ဘာဖြစ်လဲတော့မသိဘူး စောစောက မင်းကိုပြောတဲ့စကားတွေအားလုံးက မင်းသူ့ကို ဘယ်လောက်ချစ်လဲ သိချင်လို့စတာတဲ့၊ အဲဒါပြန်ပြောလိုက်ဦး"
          "ဘာပြောတယ်ကွ"
          "ဟယ်လို ...........ဘာမှလဲမကြားရဘူး ဖုန်းကျသွားပြီဟ ဟေ့ကောင် အာကာရ"
          "ပြန်ခေါ်ပါလိမ့်မယ်"
         
          ခဏကြာတော့ ဖုန်းပြန်ဝင်လာတယ်။
          "ဟယ်လို ကို"
          "ဘာလဲပြော"
          "ဘယ်လိုကြီးဖြေနေတာတုန်း ကို သောက်နေတယ်ဆို"
          "ဟုတ်တယ် အဲဒါဘာဖြစ်လဲ"
          "ဟေမာန်က ကို ညီမကို ဘယ်လောက်ချစ်လဲသိချင်လို့ နောက်လိုက်တာပါ"
          "ဘာပြောတယ် ဒီစကားတွေက နောက်စရာလား"
          "နောက်စရာမဟုတ်မှန်းသိပါတယ် ဟေမာန်မှားတာပါ ကို မသောက်ပါနဲ့တော့နော် ခုက နေ လဲ အရမ်းပူတယ် အိမ်ပြန်တော့နော် ညနေ အလုပ်ဆင်းရင် လာကြိုပါနော် အဲကျမှာ ကို မကျေနပ်တာတွေ ပြောတော့"
"ဘာမှလာပြောမနေနဲ့ ခုအရမ်းမူးနေတယ် အိမ်ပြန်လို့မဖြစ်ဘူး ဒါပေမယ့် ညနေလာခဲ့မယ် ကျုပ်နဲ့ကန်ဘောင်လိုက်ခဲ့ရမယ် အဲကျမှာ ကျုပ်မကျေနပ်တာတွေ ခံစားရတာတွေပြောပြမယ် ဒါပဲနော်"

မိုးတိမ် အချိန်အတော်ကြာမှ အမူးပြေသည် နာရီကြည့်လိုက်တော့ ၂နာရီကျော်ကျော်ရှိနေလေပြီ။ နေ့လည်စာမစာရသေးတာကြောင့် အိမ်ကို အမြန်ပြန်ခဲ့၏။ အိမ်ရောက်တော့ အာကာပြောသည်။
"သားကြီး မင်းညတကယ်သွားကြိုဦးမလို့လား သူမင်းကို ဒီလောက်လုပ်ထားတာ မှတ်လောက်သားလောက်အောင် ၃-၄ရက်လေအဆက်အသွယ်ဖြတ်ထားလိုက် ဒါမှ သူမှတ်မှာ"
"မဟုတ်သေးဘူး အာကာ ငါသွားမယ် သွားပြီးတော့ ငါနဲ့သူနဲ့ နောက်ဒီလိုမဖြစ်ရအောင် နားလည်မှုယူရမယ် ပြီးတော့ ငါဒီအတိုင်းမသွားဘူး မင်းနဲ့ငါအတွက် အကြံတခုရှိတယ် မင်းလဲလိုက်ခဲ့ရမယ်"
"ဒီလိုကွာ"
"ခု သိရသလောက် သူငါ့ကို ချစ်လားမချစ်လား ယုံလားမယုံလားမသေချာဘူး အဲတော့ ငါတို့ ညသွားကြိုရင် ဘီယာ၂ပုလင်းဝယ်သွားမယ် ပြီးရင် ငါတို့မူးနေချင်ယောင်ဆောင်မယ် အကျီင်္မှာလဲ အရက်နံ့ ရအောင်စွတ်မယ် ငါသူ့ကို ကန်ဘောင်သွားမယ်လို့ပြောထားတယ် သူအလုပ်ဆင်းရင် ၉နာရီ၊ အဲတော့ သူသာငါ့ကိုယုံရင် တန်ဖိုးထားရင်တော့ သူလိုက်မှာ ဒါပေမယ့် သူငြင်းကောင်းငြင်းလိမ့်မယ် ဒါဆိုရင်တော့ ပြီးသွားပြီပေါ့ ငါ့ကိုမယုံဘူး၊မချစ်ဘူးဆိုတာ သေချာသွားပြီ၊ သူ့အတွက်ဆို ငါအားလုံးလုပ်ရဲတယ် သူငါ့နောက်လိုက်ရဲလားဆိုတာ စမ်းမယ် "
"အကြံကတော့မဆိုးဘူး ဒါပေမယ့် မင်းဟာက သူများတွေကပါ အနံ့ထွက်ရင် အထင်သေးမှာနော်"
"ဘာဖြစ်လဲဟ ငါတို့ဘယ်လိုလူမျိုးဆိုတာ ငါတို့ကိုယ် ငါတို့သိတယ် သူများတွေဆိုတာက လိုရာဆွဲတွေးကြမှာပဲ ခုချိန်မှာ သူများအထင်အမြင်တွေက ငါ့ဘ၀အတွက်အရေးမကြီးဘူး သူ့အထင်အမြင်ကသာအရေးကြီးတယ် မင်းလုပ်ရဲလား"
"ဘာလို့မလုပ်ရဲရမှာလဲ ...... ဟ မင်းက ငါ့သူငယ်ချင်းပဲ"
"ဒါဆို အိုကေပေါ့ကွ"    
ထိုညမိုးတိမ်တို့ တကယ်လုပ်ဖြစ်ခဲ့သည်။ ကားပေါ်ရှိလူများက သိပ်ကြည်ပုံမရ။ သို့သော် မိုးတိမ်တို့ အဲဒါတွေမသောက်ပါ။ အနံ့ထွက်အောင်သာ အကျီင်္မှာ ဆွတ်သွားချင်းသက်သက်သာသာ။ မိုးတိမ်ချစ်သူ ထွက်လာတော့မိုးတိမ်က ကံဘောင်ကို လိုက်ခဲ့ပါရန် အာလေးလျှာလေး ပြော၍ ခေါ်သည်။ သူမမလိုက်ခဲ့။ ပြီးတော့ ပြောသေးသည်။
"နင်တို့က မူးနေတာ ပြီးတော့ နောက်ကျနေပြီ"
"နင်အပိုတွေမပြောပါနဲ့ နောက်ကျနေပြီဆိုတာ မွေးနေ့တုန်းကတောင် ၁၁ကျော်မှပြန်သေးတာပဲ၊ ခုလဲ နင့်သူငယ်ချင်းပါတာပဲ ငါက နင့်ကိုဘာလုပ်မှာမို့လဲ ပြောစရာတွေရှိလို့ ခေါ်တာ၊ ငါ ငါ့ချစ်သူကို ဘယ်တော့မှာ ဒုက္ခရောက်အောင်မလုပ်ဘူး၊ ပြီးတော့ ခုဟာက ငါမူးနေလို့ဆိုပြီးနင်ငါ့ကိုအထင်သေးတာ ရတယ်မလိုက်ချင်မလိုက်နဲ့။ နင်မလိုက်ချင်ရင် ငါဘယ်တော့မှမခေါ်တော့ဘူး (ငါ့ဘ၀ထဲကိုရောပေါ့ (စိတ်ထဲက အသံတိတ်ပြောလိုက်သောစကား)) "
မိုးတိမ်နားလည်သွားခဲ့သည်။ သူ့ချစ်သူ သူ့ကိုမယုံကြည် မချစ်မှန်းလဲသိပြီ။ မိုးတိမ် သူ့သူငယ်ချင်းအာကာကို ပြောသည်။
"ငါနားလည်သွားပြီသားကြီး သူက ငါ့ကို မူးနေလို့အထင်သေးတယ် ပြီးတော့ ငါမူးနေလို့ တခုခုလွန်မှာစိုးတာနဲ့တူတယ် ဘာပဲဖြစ်ဖြစ် သူငါ့ကို ငါ့လောက်မချစ်ဘူး ထပ်ပြီးသေချာတာက မချစ်တော့တာနေမယ်"
"အေးဟုတ်တယ် မင်းမေ့လိုက်တော့ ပြီးတော့ မင်းနဲ့ပက်သက်လို့သူ့ဖက်က နာစရာဘာမှမရှိဘူး၊ ခုချိန်ထိလဲ သူကသာ မင်းကို အနိုင်ကျင့်တာ"
"ဟုတ်တယ် အာကာ ငါမူးလို့မလိုက်ဘူးပဲထား သူ့ပတ်ဝန်းကျင်က ငါတို့ရောက်ခဲ့တုန်းက ငါ့တို့ထက် အဆပေါင်းများစွာဆိုးတယ် စရိုက်ကျလွန်းတယ် ဒါများ ငါမူးနေလို့မလိုက်ဘူးတဲ့ ငါမသောက်တတ်ပဲ သူစတိုက်လို့ သင်္ကြန်မှာ ငါသောက်တတ်ခဲ့တယ် သူကငါ့ထက်တောင် ဇရှိသေးတယ်"
"နောက်ပြီး သူတို့က အေးဆေးသမားဆိုထား၊ သူတို့က ဖလန်းလန်းထတာ မင်းအသိပါ အာကာရာ ဒါကို ငါမကြိုက်ဘူး ဒါပေမယ့် ငါချစ်တဲ့ဆိုတဲ့စိတ်တခုတည်းနဲ့ ငါမြိုသိပ်ခဲ့တယ် ခုတော့ ငါမူေးနလို့မလိုက်ဘူးဆိုပဲ သင်္ကြန်တုန်းက သူ့သူငယ်ချင်း ငမူးကောင်တွေနဲ့ ပျော်နေတုန်းက ငါဘာမှမပြောခဲ့ဘူး ရင်ထဲမှာပဲထားခဲ့တာ"
          "တကယ်တော့ မိုးတိမ်ရ ငါမပြောချင်လို့ သူတို့က ဘာမှ မဟုတ်ဘူး ပညာအရည်အချင်းကလဲ မင်းတနဲ့တခြားစီ၊ အကျင့်ကရော တလွဲ မင်းက သူတို့ထက်အများကြီးသားတယ် မင်းလိုကောင်မျိုး သူတို့ထက်သာတဲ့ ကောင်မလေးတွေ အများကြီးရနိုင်တယ်"
          "အဲဒါငါသိတယ် အာကာ ဒါပေမယ့် ငါချစ်ခဲ့လို့မိန်းကလေးတယောက်အပေါ် ဒီလောက်သည်းခံနေတာ"
          "ခုတော့လဲ ရှင်းသွားတာပေါ့ကွာ"
          မိုးတိမ်တို့ကံဘောင်မျက်ခင်းပေါ်မှာလဲ၍ ကောင်းကင်ကိုကြည့်ရင်းပြောနေကြခြင်းသာဖြစ်သည်။
          "အော် ဒါနဲ့အစက ငါတို့ မသောက်ပဲ ပြန်မယ်လို့စဉ်းစားထားတာ ခုတော့ မဟုတ်တော့ဘူး သောက်ရအောင်ကွာ။ သူတို့မရှိတော့လဲ ငါ့ဘ၀ဘာမှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ လူဆိုတာ ကံကုန်ရင် ကွဲကြရတာချည်းပဲ အဲတော့ ခုကံကုန်ပြီထင်ပါရဲ့"
          "ကလစ်"
          ဘီယာပုလင်းကို ဖွင့်ကြပြီး မိုးတိမ်နဲ့အာကာ သောက်လိုက်ကြတော့တယ်။ နောက်ပြီး အသဲကွဲသီချင်းတွေကို အရူးတွေလို အကျယ်ကြီးအော်ဆိုခဲ့ကျတယ်။ ဒီလိုမှလဲ မိုးတိမ် ခံစားလို့ရမည်မလား။ မိုတိမ်ရဲ့ စိတ်ဝိညဉ်တွေ အရင်အဖြစ်အပျက်တွေကို ရောက်သွားလိုက်၊ ကောင်းကင်ပေါ်ကိုတက်သွားလိုက်နဲ့ပေါ့-
          မိုးတိမ် အတော်မူးလာတော့ ပေါက်ကွဲလေပြီ။ မိုးတိမ် ဟေမာန့် ဆီကိုဖုန်းဆက်ကြည့်သည်။ မကိုင်ပေ။ မိုးတိမ် အတော်လေး ပေါက်ကွဲလာပြီ။ ခံစားရသမျှ မျိုသိပ်ထားသမျှ ပြောလိုက်တော့မည် ဟု တင်းထားရင်း
          "သားကြီး မင်းဖုန်းခဏပေးကွာ ငါ့ဖုန်းကိုမကိုင်လို့"
          "ရော့ကွာ ယူ ကြိုက်သလောက်ဆက်စမ်း"
          မိုးတိမ် ခပ်မူးမူး အသံလေးလေးနှင့်ဆက်လိုက်သည်။
          "ဟယ်လို ဆရာမလေးလား..........အရမ်းလွန်တယ်ဗျာ ကျုပ်နှလုံးသားကို ခင်ဗျားမို့ ခုလို ပေါ့ပေါ့တန်တန်သဘောထားတယ်။ မိုးတိမ်ဆိုတဲ့ကောင် မပျော့ညံ့ပါဘူးဗျာ......ဒါပေမယ့် ခုတော့ ခင်ဗျားလေးကို အရမ်းချစ်လို့ ရင်တွေကွဲမတတ်ခံစားရတယ် ခင်ဗျားလေးက တော်တော်လေးသွေးအေးအေး နဲ့ ရက်စက်တဲ့သူပဲဗျ။ ကျုပ်လိုခင်ဗျားပြန်မခံရပါစေနဲ့ဗျာ"
          "ကိုမိုးတိမ် ဒီမယ် မူးရင်လဲကိုယ့်ဟာကိုယ်အေးဆေးနေ လာမရစ်နဲ့"
          "ရစ်နေတယ်ထင်တာပေါ့ ဟုတ်လား........ဟားဟားဟား.....ရယ်ရတယ်နော်"
          "ကိုမိုးတိမ် ခုလိုလုပ်နေမယ်ဆို စိတ်ဆိုးရလိမ့်မယ်"
          "ဆိုးပေါ့ဗျ ငပြူးက ပြဲရတယ်ရှိသေး"
          "ဘာပြောတယ် မိုက်ရိုင်းလိုက်တာ"
          "အန် ဘာမှလဲမရိုင်းရပါလား ကျုပ်ပြောတာအရှင်းလေး ခင်ဗျား ရက်စက်လွန်းလို့ဗျ"
          "တူ ......တူ.......တူ.........တူ"
          "ဟ ဖုန်းချသွားပြီဟ"
          ပြန်ကြမယ်ကွာ ထပ်လဲမဆက်တော့ဘူး။ ဒီလိုနဲ့ ဘူတာရုံလမ်းဖက်ကို ဆင်းလာခဲ့တယ်။ လမ်းတ၀က် နားရောက်တော့ သားကြီးဖုန်းပေးဦးကွာ.......
          "ရော့ကွာ ဒါပေမယ့် ဖုန်းဘေလ်သိပ်မရှိတော့ဘူးဟ မင်းဆက်ချင်ရင် တော့ maximum 5minute"
          "အေး အိုကေ"
          " ဟယ်လို ဆရာမလေးလား......"
          "ကိုမိုးတိမ်လွန်နေပြီနော်"
          "ခုတော့လွန်ပြီတဲ့လား ကိုယ့်ကိုထိတော့ မချိအောင်နာတတ်တယ်ပေါ့"
          "ကျုပ်ကိုခင်ဗျားတန်ဖိုးမထားဘူး။ ရက်စက်တယ်။ အထင်သေးတယ်"
          "ဟုတ်တယ် အဲတော့ဘာဖြစ်လဲ"
          "ဘာဖြစ်လဲဆိုတော့ ခင်ဗျားကို ပြောမယ် သေချာနားထောင် ဒီနေ့ကစပြီး ခင်ဗျားလေး ကျုပ်ဘ၀ထဲမှာ သေသွားပြီ"
          "ရှင် တော်တော်ပြောတတ်နေတယ် ပေါ့ အရင်က ရည်းစားတွေတောင် ဟေမာန့်ကိုအဲလိုမပြောဖူးဘူး။ ဟေမာန့်ကသာပြောခဲ့တာ ကောင်းပြီလေ မှတ်ထားမယ်"
          "ဟုတ်တယ် အရင်က ရည်းစားတွေပြောတာမကြားဖူးလို့ ခုကြားဖူးအောင် ပြောတယ် မှတ်ထား သေချာမှတ်ထား ဒီနေ့ 25.5.2012 ည ၁၁နာရီ ၁၅မိနစ်"
          လို့ပြောပြီးမိုးတိမ်တယောက်ဖုန်းချလိုက်လေသည်။
          နောက်တနေ့မနက်ကျတော့ မိုးတိမ် ဖုန်းက recording တွေကို ပြန်လည်နားထောင်မိသည်။ သူစကားတွေလွန်သွားသည်ဟုထင်မိသည်။ ဒါပေမယ့် သူ့ချစ်သူ လုပ်ရပ်တွေနဲ့ နှိုင်းစာရင် မပြောပလောက်ပေ။ သို့သော် မိုးတိမ် သူ့ကို မကောင်းဘူး မချစ်ဘူးဆိုမှာ မမေ့နိုင်ပဲ ပိုပိုပြီးသတိရလာသည်။  နောက်ဆုံးမနေနိုင်တဲ့အဆုံး မိုးတိမ် ဟေမာန့်ဆီကို ဖုန်းဆက်တော့ မကိုင်ပေ။ ဒါနဲ့ sms ပို့ပြီး
          "I'm sorry Hay Mhan,now i miss u so much, don't leave me alone. Forgive me"
တောင်းပန်လိုက်သည်။ သို့သော်အကြောင်းမပြန်။ အတန်ငယ်ကြာတော့ မိုးတိမ် ဖုန်းထပ်ဆက်ကြည့်သည်။
ဒီတခါတော့ ဖုန်းကိုင်လိုက်သည်။
          "ဟေမာန် မနေ့က ကို စကားပြောတာတွေလွန်သွားတဲ့တွက်တောင်းပန်ပါတယ်။ မနေ့က ကိုအရမ်းခံစားရလို့ သောက်လိုက်တာ မူးသွားတာနဲ့ စကားတွေလွန်သွားတယ်"
          "မူးတာနဲ့ အဲလိုပြောရလား ဒါပေမယ့် ဟေမာန်တခါမှ အဲလိုအပြောမခံရဖူးဘူး။ မျက်ရည်တောင်ကျတယ်"
          "အဲဒီအတွက်တောင်းပန်ပါတယ် ကို့ကို ခွင့်လွှတ်ပါကွာနော်"
          "မရတော့ဘူး ကိုမိုးတိမ် ကိုမိုးတိမ်ပြောခဲ့တယ်မလား ဟေမာန်သေသွားပြီဆို အဲတော့မေ့လိုက်ပါ ကိုယ့်ဟာကိုယ်ပဲ နေကျရအောင်"
          "အဲလိုတော့ မလုပ်ပါနဲ့ကွာ ကိုယ် နေလို့ရမယ်မထင်ဘူး နောက်ပြီး ကိုယ့်ဘ၀မှာ ဟေမာန့်ကို တသက်လုံးရှိစေချင်တာပါ ကိုယ်တောင်းပန်ပါတယ်ကွာ ပြန်စဉ်းစားပေးပါ"
          "ကောင်းပြီလေ စဉ်းစားဖို့ အချိန်တပတ်ပေး "
          "ဘာရယ် ကိုယ့်ချစ်သူက ဒီလောက်တောင်းပန်နေတာတောင် အချိန်တပတ်ပေးဟုတ်လား "
          "ဟုတ်တယ် ဒါမှမဟုတ်ခုချက်ချင်းအဖြေပေးရမလား ခုချက်ချင်းပေးရမယ်ဆိုရင်တော့ ရှင် ကျွန်မကိုလာမပက်သက်နဲ့  ရှင်နဲ့ဘာမှမဆိုင်တော့ဘူး "
          "မဟုတ်ပါဘူး ဆုံးဖြတ်ချက်ကိုပြန်ပြင်ပေးပါနော် တပတ်စောင့်ဆိုလဲစောင့်ပါ့မယ် မရက်စက်လိုက်ပါနဲ့ဗျာ "
          မိုတိမ်ကို အဲလိုပြောခဲ့ပြီး တပတ်ပြည့်တဲ့နေ့မှာ ဖုန်းဝင်မလာခဲ့ပါဘူး။ ဒါပေမယ့်ရက်တွေအနည်းငယ်ကြာပြီး ၆လပိုင်း ၅ရက်နေ့မှာတော့ ဟေမာန်ဆီက ဖုန်းဝင်လာခဲ့တယ်။
          "ကိုမိုးတိမ်အဖြေရပြီရှင့် ဒီနေ့စပြီး ကိုမိုးတိမ်နဲ့ ဟေမာန် ဘာမှမပက်သက်တော့ဘူး။ အဲဒါကြောင့် နောင့်နောင် ကျွန်မကို လာပြီးဖုန်းလဲမဆက်ပါနဲ့ မတ်ဆေ့ခ်ျလဲမပို့နဲ့။ ကိုယ့်ဟာကိုယ်နေတော့နော်။တော်ကြာ နောက်မှ လာရှုပ်နေမှာစိုးလို့"
          "ဘာလို့ အဲလောက်တောင် ရက်စက်ရတာလဲ ပြတ်တယ်ဆိုလဲရပါတယ်"
          "လာမပက်သက်ပါနဲ့လို့ ပြောရင်ရပါတယ်။ ဒီကလဲတွေးပြီးသားပါ တပတ်ပြည့်တဲ့နေ့ကတည်းက ဖုန်းမလာလို့ ကြိုပြီးတော့ တော့ ခံစားမိပါတယ်။ ဒါပေမယ့် လာရှုပ်နေမှာစိုးလို့ ဆိုတာကတော့ စော်ကားလွန်းတယ်ထင်တယ်"
          "ကောင်းပြီလေ ဒါဆိုလဲပြီးတာပဲ ဒါပဲနော် လာမပက်သက်နဲ့နော် ဟီဟိ"
ရယ်ကာမောကာ ဖြင့် ဖုန်းချသွားခဲ့တယ်။ မိုးတိမ်ဒီတခါ တကယ်ရှူံးလေပြီ။ ချစ်သူကိုလဲ ဆုံးရှူံးလိုက်ရသလို မိုးတိမ်သူ့ရဲ့နှလုံးသားပါ ရပ်တန့်သွားခဲ့သည်။ သို့သော် မိုးတိမ်လက်မလျှော့ခဲ့ နောက်၂ရက်အကြာမှာ လူကိုယ်တိုင်တွေ့ပြီးတောင်းပန်ဖို့ တောင်းပန်ပြီးရင် သူ့ဆီက ဘာပြောပြော လက်ခံမည်ဆိုပြီး Junction Square ကိုသွားခဲ့သည်။ အဲနေ့က မိုးတိမ်ငိုခဲ့သည်။ တိမ်တွေငိုတဲ့နေ့ပေါ့............................
          အဲနေ့ က မိုးတိမ် အိမ်ကိုပြန်ရောက်တော့ တကိုယ်လုံးတုန်နေပြီး နှုတ်ခမ်းတွေလဲပြာနေခဲ့သည်။ မိုတိမ်တယောက်အခန်းထဲမှာ ဖယောင်းတိုင်လေးထွန်းကာဒိုင်ယာရီလေးကိုရေးခဲ့သည်...................

          25.5.2012 နေ့က ညီမလေးရဲ့ စိတ်ရင်းကို သိလိုက်ရသည်။ သူနဲ့ကျွန်တော် ဒီနေ့ထိ ချစ်သူဖြစ်တာ 53 ရက်ကြာခဲ့သည်။ သူ့နဲ့ကျွန်တော်ကို ရည်းစားလို့မသုံးနှုန်းချင်။ ချစ်သူလို့သာသုံးချင်သည်။ ရည်းစားဆိုသည်မှာ တယောက်ဆီက တယောက် သာယာမှု တွေရှေ့တန်းတင်ကာ ပက်သက်သော ပက်သက်ချင်းမျိုး။ ကျွန်တော်နဲ့သူရဲ့ ပက်သက်မှုက ထိုသို့မဟုတ်။ ကျွန်တော်ချစ်ခဲ့သည်။ ဒါကြောင့်အနစ်နာခံခဲ့သည်။ သူပြောခဲ့တဲ့စကား "အရင်ကချစ်သူလောက်မချစ်နိုင်ဘူး၊ လာမပက်သက်ပါနဲ့တော့" ဆိုတဲ့စကားတွေ တကယ်ကို ရင်ကို တဆစ်ဆစ်နဲ့နာကျင်စေသည်။
ဒီနေ့7.6.2012 သူ့ကိုတောင်းပန်မည်ဟုသွားခဲ့သည်။ ဒူးထောက်ရင်ထောက်ရပါစေပေါ့။ သို့သော် သူ့အရင်ကချစ်သူဆိုသည့် သူ လာကြိုသည်။ ကျွန်တော့်ရှေ့တွေ လက်ချင်းတွဲကာ ပခုံးလေးမှီရင်း ရယ်ကာလမ်းလျှောက်သွားခဲ့သည်။ ကျွန်တော်ထိုမြင်ကွင်းကို တသက်မမေ့။ ကမ္ဘာကြီးကလည်နေသည်။ နာရီတွေလဲလည်နေသည်။ ထို့အတူ ကျွန်တော့် နှလုံးသားရော ဦးနှောက်ရောပါ ချာချာလည်နေသည်။ အဖြစ်အပျက်တွေကို နားမလည်နိုင်။ အပြောင်းအလဲမြန်ဆန်လွန်းသည့်သူ့ကိုလဲ နားမလည်နိုင်။ သေချာတာ တခုကတော့ ၀ဋ်ဆိုတာလည်သည်ဆိုတာပင်။ ဘယ်တော့သူဒီလို ခံစားမှုမျိုးကို ခံစားရမည်ကျွန်တော်မသိ။ သူဒီလိုမခံစားရပါစေနဲ့လို့လဲ ကျွန်တော်ဆုမတောင်းချင် ခံစားရပါစေလို့လဲ ဆုမတောင်းချင် ဘာကြောင့်လဲဆိုတော့ ကိုယ်ပြုသောကံကိုယ့်ထံပဲပြန်တာ ဓမ္မတာပင်။ သို့သော် သူ့ကို ကျွန်တော် ခွင့်လွှတ်ပါသည်။ လောကမှာ ကိုယ်ချစ်တဲ့သူ ကိုယ့်အပေါ်ဘယ်လောက်ရက်စက် ရက်စက် ချစ်တယ်ဆိုတာ မှန်လျှင် ခွင့်လွှတ်နိုင်မည်ဟုထင်သည်။ ဒီနေ့ကျွန်တော်ရွာချင်ခဲ့တဲ့မိုးတွေရွာခဲ့သည်။ သို့သော် ကျွန်တော်ဖြစ်ချင်ခဲ့သည့် မိုးရေထဲမှာ ချစ်သူနဲ့အတူ ထီးလေးတချောင်းအောက်မှာ  ကျွန်တော်လမ်းမလျှောက်ခဲ့ရ။ သူကတော့ သူ့ချစ်သူနှင့် ကျွန်တော့်ရှေ့တည့်တည့်တွင် လျှောက်သွားခဲ့ပြီ။ တခြားသူပျော်နေကြသောအတွဲတွေကိုလဲတွေ့ရသည်။ ကျွန်တော်အရမ်းဝမ်းနည်းသည်။ ကျွန်တော်ဘာတွေ ချို့ယွင်းနေလို့များ သူတို့တွေလို မပျော်ရတာပါလိမ့်။ ကျွန်တော်တယောက်တည်း ပြန်ခဲ့သည်။ လမ်းမှာ မီးတွေပျက်နေခဲ့သည်။ ဘာမှမမြင်ရ။ အိမ်ပြန်လမ်းလေးကို ရေးရေးသားမြင်ရသည်။ လျှပ်စီးတခါလက်လိုက်မှာ ရှေ့မြင်ကွင်းတွေကို လှမ်းမြင်ရသည်။ မိုးခြိမ်းသံတွေအရမ်းကျယ်နေခဲ့သည်။ ဒါပေမယ့် ကျွန်တော့်ရဲ့မြန်နေသော နှလုံးခုန်သံက မိုးခြိမ်းသံထက် ပိုကျယ်သည်ထင်သည်။ အိမ်ပြန်လမ်းတလျှောက် ရေတွေကြီးနေခဲ့သည်။ ကျွန်တော် မျက်ဝန်းထဲမှာလဲ ရေတွေကြီးခဲ့သည်။ တခု သတိထားမိတာရှိသည်။ သူမွေးနေ့က ၆ရက်နေ့၅လပိုင်း၊ သူကျွန်တော့်ကိုပြတ်ပြီလို့ ပြောတာ ၅ရက်နေ့ ၆လပိုင်း၊ တိုက်ဆိုင်တာလဲဖြစ်မည်ထင်သည်။ ဘာမှန်းတော့သေချာမသိ။ ကျွန်တော့်ကို သနားလို့လား ဒါမှမဟုတ် တိုက်ဆိုင်တာပဲလားမသိ ဒီနေ့မိုးတွေစရွာသည်။ စရွာသည့်နေ့ပဲ သည်းထန်လွန်းသည်။ ကျွန်တော် မိုးတိမ်ဆိုသူလဲ မျက်ရည်မိုးတွေရွာခဲ့သည်။ ကောင်းကင်ပေါ်က မိုးတိမ်တွေလဲ ငိုခဲ့သည်..................................
                   မိုးတိမ်တယောက် ဒိုင်ယာရီလေးရေးပြီး သူအကြိုက်ဆုံးသီချင်းလေး Evanescence ရဲ့ My Immortal သီချင်းလေးကို ဖုန်းလေးနှင့် ဖွင့်ကာ အိပ်ပျော်သွားခဲ့လေသည်..........................
                            
                                                                                      ကြိုးစားပါဦးမည်
                                                                                                                                                                                                                   W@! Y@& Ht@t