Friday, March 7, 2014

ဝါးလုံးရှည်အောက်က ဘ၀တွေ

ဒါက စစ်တုရင်အကွက် ကျားခုံ မဟုတ်
ဘ၀တွေအများကြီးခင်းထားရတယ်
ဆန္ဒတွေအများကြီးရင်းထားရတယ်
ခင်ဗျားတို့ရဲ့ အတ္တ တစ်ခုအတွက်
မအော်လိုက်ပါနဲ့ chess လို့

ပေးဆပ်သူတွေ ရယူသူတွေ
ဘာမှန်းမသိပဲ ခဲမှန်ရတဲ့ သူတွေ
လှေကားထစ်လို လူတွေ
ရင်ဘက်ဖွင့်ကားပေးတဲ့လူတွေ
ဘ၀တစ်ခုလုံး ပုံပေးထားတဲ့သူတွေ
အကြောင်းပြချက်မရရှာတဲ့ မြေစာပင်တွေ
ခံယူချက်ကို သွေးနဲ့ သမိုင်းရေးပေးတဲ့ သူတွေ

ဘယ်လိုလူစားပဲ ဖြစ်ဖြစ်
ဝါလုံးနောက်မှာ မနေနိုင်ရင်တော့
အတုန်းရုန်း ပါပဲ
သူတို့ကတော့ . . .
အာဏာကို မျက်လုံးမှာ စည်း ခပ်ပြင်းပြင်း
လွဲ ရိုက်နေဦးမှာပဲ

အတ္တအတည့်ပြီးတဲ့
အဲ ၀ါလုံးရှည်ကြီး
ဘယ်တော့များမှ အပိုင်းပိုင်းကျိုးမလဲ
ငါ မသေခင် အရသာခံ ကြည်ချင်သေးပါရဲ့
လောလောဆယ်တော့
ပြားပြားဝပ်ဝပ်နေရဦးမှာပေါ့
ရိုက်ချက်ပြင်းလို့ ဒူးထောက်ကောင်းထောက့်မယ်
ဘယ်တော့မှ ခေါင်ငုံမှာ မဟုတ်ဘူး
ခင်ဗျားတို့သာ ပြာကျမယ်ဆို
ကျုပ်တို့ က လောင်စာဖြစ်ရလည်း ၀န်မလေးဘူး ။ ။

မောင် အာဒံ

Thursday, March 6, 2014

အမှန်တွေ မှားတဲ့ညမှာ ငါသေသွားတယ်

အပြစ်မရှိတဲ့
အကျဉ်းသားတစ်ယောက် ငါလေ အတ္တနဲ့လင်းတဲ့ပိုးစုန်းကျုးပေါ့ မုန်တိုင်းဆိုမှတော့ လေမပါလို့ဖြစ်မလား ဖုန်ထတဲ့နေ့ရက်တွေ လှိုင်လှိုင်ပေါ မှတော့ စိတ်ဓါတ်က အရောင်မထွက် ကဲ . ..ကဲ. ခက်မှောင်မှောင်လေးမဲလိုက်ရအောင် 

ဗင်ဂိုးရဲ့ကြယ်မရှိတဲ့ညမှာပေါ့
 မျှော်လင့်ချက်က မိုးတိုးမတ်တတ် တိုးတိုးလေးဖျော့တော့သွားပြီ ထုံးစံအတိုင်း . . . ဖြုစင်ခြင်းရဲ့ ဇာတ်သိမ်းက အမည်ပေါက် သံသယတွေနဲ့ အတည်ပေါက် ဟာသတွေနဲ့ အရှုံးတွေမှာအိပ်ပျော်သွားတယ်။
ယုံကြည်ခြင်းတွေက မယုံကြည်လောက်အောင် သံသယမဲ့နေတော့ အမှားတွေက အမှန်ထက်ပို မင်းမူနေတော့
ဆော့ခရေးတီး သေဆုံးသွားပေါ့
ကဲ . . . ကဲ . . . အမှန်တရားကို အသက်ထက်တန်ဖိုးထားတဲ့ ငါ့အတွက် ဟန်းမလောခ့်
တစ်ခွက်သာ ပြင်ထားတော့။
စတေးတယ်ဆိုတာ နောက်ဘဝမှာ ပြန် " စ " ဖို့ ဒီဘဝက ခံယူချက်တွေကို " တေး " ထားလိုက်မယ် အမှားနတ်ဆိုးရေ . . . မင်းကြာကြာ မှားနိုင်ပါစေ တစ်ခုပဲသတိထား အမှား နှစ်ခု ပေါင်းရင် မှန်တတ်တယ် 
ကဲ . . . ကဲ . . . လိပ်ပြာခေါ်သံ ကြားနေရပြီ ယုံကြည်သူအတွက် မှီခိုရာမှာ အမှန်တရားထားခဲ့တယ် သစ္စာတွေ မွေးဖွားပါစေ ။ 
သူ သေဆုံးပြီး တစ်ပတ်အကြာမှာတော့ သတင်းတစ်ခုထွက်လာတယ် လူစီဖာခ် ကို ဖက်ပြီး ငရဲတွင်းထဲ သူ ဆင်းသွားတယ် လို့ ဆိုးတာက သူ့ကို လူစီဖာခ့် လို့ သတ်မှတ်ကြတယ် 
သူ မသိလိုက်ဘူးလေ အမှန်တွေ စစ်လွန်းရင် မှားတတ်တယ် သစ္စာတွေ တည်လွန်းရင် အမြင်တွေ မဲ့ တတ်တယ်ဆိုတာ အခုတော့လည်း သူ မရှိတာက လွဲရင် အရင်လိုပဲပေါ့ သန်းခေါင်ထက် ညည့်နက်နေတုန်းပါပဲ ။    ။
           Maung  Ardam

ပန်းသီးမြစ်

တစ်နဲ့ တစ် ပေါင်းလို့ သုညထွက်တဲ့ ဘဝ
မရှိခြင်းနဲ့ ဖြစ်တည်နေတဲ့ ဘဝ
မာနကို ဇောက်ထိုးစီးတဲ့ ဘဝ
မြုခိုးတွေကြားမှာ မီးဖိုတဲ့က ဘဝ
နတ်ဆိုးနဲ့ ဖင်ပုတ်ခေါင်းပုတ်နေတဲ့ ဘဝ
ခဏဆိုတဲ့ စကားလုံးကို တစ်ရှိုတ်မက်မက် နမ်းတဲ့ဘဝ
ဘ၀ .... ဘ၀ .....
အဖြုရောင်မြစ်ထဲက အမဲရောင် ဘဝ
ငါ့ ဘ၀ ။

ဧဒင် ဥယျာဉ် မီးလောက်တုံးကပေါ့
ပန်သီးတစ်လုံး ပိုက်ပြီး
စောင့်နေမိတယ် ။

ချစ်သူ အတု တစ်ယောက်နဲ့
ကန်ဘောင်ကို တက်မိတာ
အချစ်စစ်စစ်တွေ ရှိတဲ့ ပန်းခြံထဲ ခြေချမိတာ
ငါ ရှက်လိုက်တာ ။

အဖြုထည်သက်သက် ငါ စာမတတ်ခဲ့လို့ပေါ့
Believe ထဲမှာ Lie ဆိုတဲ့ စကားလုံး
ပြုံးပြုံးကြီး ဖြစ်တည်နေတာ
မသိခဲ့ လို့ ပေါ့ ။

အဲလိုနဲ့ပဲ ငါ့အချစ်ရဲ့
ပထမစာမျက်နှာ
မြစ် = မိန်းမ = ကောက်ကွေ့သည် ။ လို့
ခေါင်းစဉ်တတ်မိပေါ့ ။

နင်သင်ပေးခဲ့တဲ့
Lie Leasson ကို
နောက်လာနောက်သားတွေအတွက်
ကဗျာတွေ စာတွေနဲ့
ငါ မှတ်တမ်းတင်ပေးနေမှာပါ ကွာ ။

နင် ငါ့ လက်ထဲထည့်ပေးခဲ့တဲ့
ဝါးလုံးရှည်နဲ့
ငါ့ အနာဂတ်မှာ ဆက်တိုက်ရမ်းမိနေတော့မှာပါ
သစ္စာတရားကို ကိုးကွယ်တဲ့
ပန်းသီးမြစ် တစ်စင်းနဲ့
မတွေ့မခြင်းပေါ့ ။ ။
        
                   Maung Ardam

ရင်ခုန်သံ ကျောတစ်ခင်းစာ


အပူဒဏ်ကို မကြောက်လို့ပေါ့

ကမ္ဘာကျော် ဝေါဟာရ တစ်ခုအောက် ခိုလှုံခဲ့တာ

ငါ့ အချိန်တွေကို တစ်ဖဲ့ခြင်းစားနေတဲ့ ကလေးမလေးရေ

ဗိုက်ဝသွားပြီလား  ?

ပါဆယ်လေး ဖြစ်ဖြစ်ဆွဲသွားပါကွာ

အမှောင်ဖုံးမှာ ကြောက်လို့ပါ

ကမ္ဘာတစ်ဖက် မှာ လင်းနေဖို့

ကမ္ဘာတစ်ဖက်က မှောင်ပေး၇တာပဲလေ

ရပါတယ် . . .ကလေးရေ

လင်းလင်းရှင်းရှင်း ပျော်ပျော်ပါးပါး နေပါ

လင်းမယ်မှ မကြံရသေး

ငါ့ ဘ၀က မီးပျက်သွားပေါ့ . . .

မင်းအပေါ်ထားခဲ့တဲ့

ငါ့ သစ္စာတွေ မှန်ခဲ့ ရင်ပေါ့

မင်း ရင်ခွင်မှာ ခဏတော့ နားချင်ပါရဲ့ ကွာ

ကျော တစ်ခင်းစာလောက် ပေါ့ . . . ။        ။

                              Maung Ardam

ကျွန်တော်နဲ့အလွမ်းတစ်အိမ်ထဲတွင်အတူနေသည်


ကောင်းကင်လည်းအလင်းမပွင့် မှိုင်းတိုင်းတိုင်း
ငါ့ အလွမ်းတွေကြောင့်
မှိုင်းမိသွားတာလား ?

ခံစားချက်တွေကို ဒိုင်ယာရီပေါ် အံ ကျ
ဘာမှလုပ်မရတော့လည်း
အလွတ်တမ်းဒီတိုင်း လွမ်းနေရပေါ့
သူမ သိပမလား ?

ငါ့ ကဗျာတွေထဲ အလွမ်းတွေ စိမ့်ဝင်
ညနေ နဲ့ မနက်ဖြန်မရောက်ခင်တော့
ငါ ဒီတိုင်း အခန်းထောင့်လေးမှာထိုင်နေမှာပါ
အလွမ်းတွေ နဲ့ ။

bill မရှိတဲ့ ငါရဲ့ ဖုန်းလေးလည်း
နင့် အသံကို လွမ်းနေတယ်
ငါနဲ့အတူတူ ပေါ့
အခန်းလေးထဲမှာ ခပ်မှိုင်းမှိုင်းလေး
နေထိုင်ကြတယ် ။ ။
 

Maung Ardam

ကလေးအတွေး

ဒီစာလေးကို
ဟာသ လို ဖတ်မယ်ဆို စက္ကန့်၃၀စာလောက်
သင် ပြုံးလို့ ရယ်လို့ရပါတယ်
အတွေးခေါ်တစ်ခုလို တွေးမယ်ဆိုရင်
၃ရက်စာလောက် တွေးလို့ရပါတယ်
ကြိုက်နှစ်သက်ကို ရွေးချယ်လုပ်လို့ရပါတယ်
၂ခုလုံးက သင့်အတွက်အကျိုးရှိပါတယ်

မူရင်း . . မင်းခိုက်စိုးစံ ရဲ့ ကလေးအတွေးအက်ဆေးမှ
Maung Ardam

အိမ်မက်လေး ကို ဖမ်းပေးပါ


တူ . . . တူ . . . တူ
ဟဲလို . . .
အဲဒါ ငါ့ အိပ်ဆေးပေါ့ ။

ဟိုးရှေးရှေးတုန်းက. . .
အဲလို . . . အဲလို . . . အဲလို
အဲဒါ ငါ့ အိမ်မက်တွေရဲ့ ဝင်ပေါက်ပေါ့ ။

လူကြီးမင်း ဆက်သွယ်သောဖုန်းမှာ . . .
တူတူတူ . . . တူတူတူ . . . တူတူတူ
အဲမှာ အိမ်မက်ဆိုးတွေ ဝိုင်းရန်လို့
ငါ အိပ်မပျော်တော့ဘူး ။

Maung Ardam

ငါ လို လူ !


အမြင့်ပျံ စိတ်ဓါတ်ကို
ငါ့ အတ္တက အတောင်တတ်ပေးတယ်
ဘယ်လောက် မှောင်မှောင်
ဘယ်လောက် ခေါင်ခေါင်
မျှော်လင့်ချက်တွေ
ရိတ်သိမ်းဖို့
ငါ အသော့နှင်တော့မယ် ။

ငါ့ မြင်း ငါ ဆိုင်းတာပဲ
စစ်ကိုင်းက ကမ္ဘာ့အပြင်ရောက်နေလဲ
ငါ သွားမယ်
ဧရိယာ ပြင်ပကိုသာ ခေါ်မသွားပါနဲ့ MPT . . . ။      ။



                                 Maung  Ardam

ရာစုနှစ်၂ခုစာ လောင်ကျွမ်းခဲ့သော


မသိခြင်းတွေ
မရှိခြင်းတွေ
တံခါးခေါက်ရင်
အဖြုရောင်တွေ ပုန်ကန်တော့မယ်
လူခီးမီးယား ဆိုတာ ရုပ်ရှင်ထဲကလို
သွေးတစ်စက် နှစ်စက်နဲ့
ပြီးမသွားဘူး
အရှိန်ဟုန်ပြင်းခဲ့တဲ့ ကင်ဆာဆဲလ်တွေက
ငါ့ သွေးကြောထဲမှာ လည်ပတ်နေမှာ
ရင်ကွဲနက္ခတ် နဲ့ တိတ်ဆိတ်နေသူတစ်ယောက်မှာလည်း
အနုပညာ နဲ့ ရင်မော့ခွင့် ရှိပါရဲ့
အို . . . လောကဓံ
သင် ပိတ်ထားတဲ့တံခါးတွေကို
ငါ့ ဝိညာည်က ပုန်ကန်တော့မယ်
ကြိုက်သလို ခေါင်းစဉ်တတ်ပါ ပတ်ဝန်းကျင်
ငါ မရပ်တန့်တော့ဘူး ။ 


Maung Ardam