Thursday, March 6, 2014

ကျွန်တော်နဲ့အလွမ်းတစ်အိမ်ထဲတွင်အတူနေသည်


ကောင်းကင်လည်းအလင်းမပွင့် မှိုင်းတိုင်းတိုင်း
ငါ့ အလွမ်းတွေကြောင့်
မှိုင်းမိသွားတာလား ?

ခံစားချက်တွေကို ဒိုင်ယာရီပေါ် အံ ကျ
ဘာမှလုပ်မရတော့လည်း
အလွတ်တမ်းဒီတိုင်း လွမ်းနေရပေါ့
သူမ သိပမလား ?

ငါ့ ကဗျာတွေထဲ အလွမ်းတွေ စိမ့်ဝင်
ညနေ နဲ့ မနက်ဖြန်မရောက်ခင်တော့
ငါ ဒီတိုင်း အခန်းထောင့်လေးမှာထိုင်နေမှာပါ
အလွမ်းတွေ နဲ့ ။

bill မရှိတဲ့ ငါရဲ့ ဖုန်းလေးလည်း
နင့် အသံကို လွမ်းနေတယ်
ငါနဲ့အတူတူ ပေါ့
အခန်းလေးထဲမှာ ခပ်မှိုင်းမှိုင်းလေး
နေထိုင်ကြတယ် ။ ။
 

Maung Ardam

No comments:

Post a Comment