Thursday, March 6, 2014

ရာစုနှစ်၂ခုစာ လောင်ကျွမ်းခဲ့သော


မသိခြင်းတွေ
မရှိခြင်းတွေ
တံခါးခေါက်ရင်
အဖြုရောင်တွေ ပုန်ကန်တော့မယ်
လူခီးမီးယား ဆိုတာ ရုပ်ရှင်ထဲကလို
သွေးတစ်စက် နှစ်စက်နဲ့
ပြီးမသွားဘူး
အရှိန်ဟုန်ပြင်းခဲ့တဲ့ ကင်ဆာဆဲလ်တွေက
ငါ့ သွေးကြောထဲမှာ လည်ပတ်နေမှာ
ရင်ကွဲနက္ခတ် နဲ့ တိတ်ဆိတ်နေသူတစ်ယောက်မှာလည်း
အနုပညာ နဲ့ ရင်မော့ခွင့် ရှိပါရဲ့
အို . . . လောကဓံ
သင် ပိတ်ထားတဲ့တံခါးတွေကို
ငါ့ ဝိညာည်က ပုန်ကန်တော့မယ်
ကြိုက်သလို ခေါင်းစဉ်တတ်ပါ ပတ်ဝန်းကျင်
ငါ မရပ်တန့်တော့ဘူး ။ 


Maung Ardam

No comments:

Post a Comment