Thursday, March 6, 2014

ငါ လို လူ !


အမြင့်ပျံ စိတ်ဓါတ်ကို
ငါ့ အတ္တက အတောင်တတ်ပေးတယ်
ဘယ်လောက် မှောင်မှောင်
ဘယ်လောက် ခေါင်ခေါင်
မျှော်လင့်ချက်တွေ
ရိတ်သိမ်းဖို့
ငါ အသော့နှင်တော့မယ် ။

ငါ့ မြင်း ငါ ဆိုင်းတာပဲ
စစ်ကိုင်းက ကမ္ဘာ့အပြင်ရောက်နေလဲ
ငါ သွားမယ်
ဧရိယာ ပြင်ပကိုသာ ခေါ်မသွားပါနဲ့ MPT . . . ။      ။



                                 Maung  Ardam

No comments:

Post a Comment