Thursday, March 6, 2014

ပန်းသီးမြစ်

တစ်နဲ့ တစ် ပေါင်းလို့ သုညထွက်တဲ့ ဘဝ
မရှိခြင်းနဲ့ ဖြစ်တည်နေတဲ့ ဘဝ
မာနကို ဇောက်ထိုးစီးတဲ့ ဘဝ
မြုခိုးတွေကြားမှာ မီးဖိုတဲ့က ဘဝ
နတ်ဆိုးနဲ့ ဖင်ပုတ်ခေါင်းပုတ်နေတဲ့ ဘဝ
ခဏဆိုတဲ့ စကားလုံးကို တစ်ရှိုတ်မက်မက် နမ်းတဲ့ဘဝ
ဘ၀ .... ဘ၀ .....
အဖြုရောင်မြစ်ထဲက အမဲရောင် ဘဝ
ငါ့ ဘ၀ ။

ဧဒင် ဥယျာဉ် မီးလောက်တုံးကပေါ့
ပန်သီးတစ်လုံး ပိုက်ပြီး
စောင့်နေမိတယ် ။

ချစ်သူ အတု တစ်ယောက်နဲ့
ကန်ဘောင်ကို တက်မိတာ
အချစ်စစ်စစ်တွေ ရှိတဲ့ ပန်းခြံထဲ ခြေချမိတာ
ငါ ရှက်လိုက်တာ ။

အဖြုထည်သက်သက် ငါ စာမတတ်ခဲ့လို့ပေါ့
Believe ထဲမှာ Lie ဆိုတဲ့ စကားလုံး
ပြုံးပြုံးကြီး ဖြစ်တည်နေတာ
မသိခဲ့ လို့ ပေါ့ ။

အဲလိုနဲ့ပဲ ငါ့အချစ်ရဲ့
ပထမစာမျက်နှာ
မြစ် = မိန်းမ = ကောက်ကွေ့သည် ။ လို့
ခေါင်းစဉ်တတ်မိပေါ့ ။

နင်သင်ပေးခဲ့တဲ့
Lie Leasson ကို
နောက်လာနောက်သားတွေအတွက်
ကဗျာတွေ စာတွေနဲ့
ငါ မှတ်တမ်းတင်ပေးနေမှာပါ ကွာ ။

နင် ငါ့ လက်ထဲထည့်ပေးခဲ့တဲ့
ဝါးလုံးရှည်နဲ့
ငါ့ အနာဂတ်မှာ ဆက်တိုက်ရမ်းမိနေတော့မှာပါ
သစ္စာတရားကို ကိုးကွယ်တဲ့
ပန်းသီးမြစ် တစ်စင်းနဲ့
မတွေ့မခြင်းပေါ့ ။ ။
        
                   Maung Ardam

No comments:

Post a Comment