Thursday, March 6, 2014

ရင်ခုန်သံ ကျောတစ်ခင်းစာ


အပူဒဏ်ကို မကြောက်လို့ပေါ့

ကမ္ဘာကျော် ဝေါဟာရ တစ်ခုအောက် ခိုလှုံခဲ့တာ

ငါ့ အချိန်တွေကို တစ်ဖဲ့ခြင်းစားနေတဲ့ ကလေးမလေးရေ

ဗိုက်ဝသွားပြီလား  ?

ပါဆယ်လေး ဖြစ်ဖြစ်ဆွဲသွားပါကွာ

အမှောင်ဖုံးမှာ ကြောက်လို့ပါ

ကမ္ဘာတစ်ဖက် မှာ လင်းနေဖို့

ကမ္ဘာတစ်ဖက်က မှောင်ပေး၇တာပဲလေ

ရပါတယ် . . .ကလေးရေ

လင်းလင်းရှင်းရှင်း ပျော်ပျော်ပါးပါး နေပါ

လင်းမယ်မှ မကြံရသေး

ငါ့ ဘ၀က မီးပျက်သွားပေါ့ . . .

မင်းအပေါ်ထားခဲ့တဲ့

ငါ့ သစ္စာတွေ မှန်ခဲ့ ရင်ပေါ့

မင်း ရင်ခွင်မှာ ခဏတော့ နားချင်ပါရဲ့ ကွာ

ကျော တစ်ခင်းစာလောက် ပေါ့ . . . ။        ။

                              Maung Ardam

No comments:

Post a Comment