Friday, February 21, 2014
ဈာပန
တကယ်ပဲ မရည်ရွယ်ခဲ့တာလား
အကြံအစည်ရှိရှိနဲ့ ပဲဆုံးဖြတ်ခဲ့တာလား
မမြဲနိုင်လွန်းတဲ့ အကြောင်းတွေကို
အထပ်ထပ်တွေးရင်း...
သက်ပြင်းကို နှစ်ခါဆင့်ချပြီး..
အသက်ရှူဖို့ ကို  မတော်တဆမေ့မိတယ်.
သေဆုံးခြင်းတိုင်းဟာ.
လွတ်မြောက်ခြင်းကိုသာ ကိုယ်စားပြုမယ်ဆိုရင်
ဈာပန အခန်းအနားတိုင်းဟာ.
ခုထက်ပိုပြီး.. ခန်းနားလောက်ပါရဲ့..။
မရဲတရဲနဲ့ ဖြစ်လာတဲ့ အတွေးတွေကို
ရှေ့ ဆက်ဖို့ ပါရမီနည်းနေတော့..
ငါ.... သက်ပြင်းတစ်ခေါက်ထပ်ချ.
အိုမင်းမှု အနည်းငယ်ကို ထပ်လက်ခံပြီး.
ငါ့ရဲ့.. ကော်ဖီခွက်ထဲက. ခြင်သေနှစ်ကောင်ကို
လက်ကျန်ကို တစ်ကြိုက်ထဲမော့ချပစ်လိုက်တယ်.
( ထွီ... မရွံ့ မရှာ...)
ခြင်နှစ်ကောင်ရဲ့ မခမ်းနားတဲ့ ဈာပန.....။     ။
No comments:
Post a Comment