Wednesday, September 18, 2013

ရှင်းရှင်း မရှင်းနိုင်ရင်လျော်..

ပြီးခဲ့တဲ့.သုံးနှစ်လောက်က.ဖတ်ဖူးခဲ့တဲ့.စာလေးတစ်ပုဒ်ကို ပြန်ဝေမျှပါမယ်..။ အသေးစိတ်မမှတ်မိတော့လို့ . ရေးတတ်သလိုပြန်ရေးထားလိုက်ပါတယ်.။

တစ်ခါက သူငယ်ချင်းသုံးယောက်ဟာ.. မြို့ တစ်မြို့ ကိုခရီးထွက်ကြပါသတဲ့..။ လည်တာပတ်တဲ့ ကိစ္စတွေပြီးတော့ အနားယူဖို့ အတွက်တည်းခိုခန်းတစ်ခုကိုရွေးချယ်လိုက်ပါတယ်..။
အဲ့မှာ.. ဇာတ်လမ်းကစတာ..
တည်းခိုခန်းကိုရောက်တော့ ကောင်လေးတစ်ယောက်က ထွက်ကြိုတယ်. အစ်ကိုကြီးတို့  အခန်းယူမလားပေါ့.တည်းမှာလားပေါ့ မေးတယ်..။ တည်းတော့တည်းမှာပေါ့.. ဈေးလေးလည်းသိဦးမှကိုး.. ။ အဲ့ဒါနဲ့ သုံးယောက်ထဲကတစ်ယောက်ကမေးတယ်.. ဒီတည်းခိုခန်းက တစ်ညအိပ်ရင် .တစ်ယောက်ခန်းတစ်ခန်း  ဘယ်လောက်ယူလဲပေါ့..။ကောင်းလေးကလည်းဖြေလိုက်တယ်.. တစ်ယောက်ခန်းတစ်ခန်းတစ်ညအိပ်ရင်.ဒေါ်လာတစ်ဆယ် ပေါ့..။ အဲ့ဒါနဲ့  ဟိုသုံးယောက်လည်း.. တစ်ယောက်ခန်းတစ်ခန်းစီ တစ်ယောက်ကို ဆယ်ဒေါ်လာနဲ့  သုံးခန်းဆိုတော့..ဒေါ်လာ သုံးဆယ် ပေးပြီး.စာရင်းသွင်းစရာရှိတာသွင်းပြီး..သူတို့ လည်းပင်ပမ်းလာကြတယ်ဆိုတော့ကာ
သူတို့ အခန်းတွေရှိတဲ့.အပေါ်ထက်ကိုတက်နားကြတာပေါ့..။ တည်းခိုခန်းကကောင်လေးကလည်း.. အထုပ်တွေအပိုးတွေ လိုက်ပို့ ပြီးပြန်ဆင်းလာတာ့ပေါ့...။
ကောင်လေး အောက်ကို.ပြန်ရောက်ရောက်ခြင်းပဲ..မန်နေဂျာနဲ့ တည့်တည့်တိုးပြီး..အဆူခံထိပါလေရော... အဆူခံထိမှာပေါ့.. သူတို့ တည်းခိုးခန်းက. လူသိပ်မ၀င်လို့  ပရိုမိုးရှင်းကာလဆိုပြီး တစ်ယောက်ခန်းတစ်ခန်းကို သုံးခန်းယူရင် သုံးခန်းပေါင်း နှစ်ဆယ့်ငါးဒေါ်လာနဲ့ .. ငှားဖို့ ပြောထားတာ.. ကောင်လေးက မေ့ပြီး..ဆယ်ဒေါ်လာစီ တောင်တောင်းထားတာကိုး.. အဲ့တော့ ငါးဒေါ်လာ တောင် ပိုယူထားသလိုဖြစ်နေတာပေါ့ ။ မန်နေဂျာကလဲ.. သွား.. ငါးဒေါ်လာပြန်ပေးလိုက် ဆိုပြီး
ငေါက်လွှတ်လိုက်တော့. ဧည့်ကြိုကောင်လေးလည်း.. မျက်နှာ မသာမယာနဲ့ ပိုက်ဆံပြန်ပေးရအောင်
အပေါ်ထပ်ကို တက်လာတာပေါ့..။
ပြီးမှ လမ်းမှာ စဉ်းစားမိတာ.. " သူတို့ က.တစ်ယောက်ဆယ်ဒေါ်လာစီ ပေးထားကြတာ.. ငါက.ငါးဒေါ်လာသွားပြန်တော့ သုံးယောက်ပြန်ခွဲယူရတာ.ခက်မှာပေါ့.. သူတို့ ခွဲယူရ အဆင်ပြေအောင်
ငါက. နှစ်ဒေါ်လာ ကျော်ထားလိုက်မယ်။ အဲ့ဒါဆို သူတို့ လည်း တစ်ယောက်တစ်ဒေါ်လာဆီပြန်ခွဲယူကြ..အဆင်ပြေသား... "
ဆိုပြီး.. သုံးဒေါ်လာပဲပေးပြီး ပြန်ဆင်းလာပါသတဲ့..။

အဲ..နောက်တစ်နေ့ မနက်လင်းတော့ .ပြသာနာကစတာပဲ.. မန်နေဂျာကြီးက.. ဟိုသူငယ်ချင်းသုံးယောက်နဲ့ 
ဟိုတယ်ပေါက်ဝမှာ.. တွေ့ တော့.. ဧည့်သည် သူငယ်ချင်းသုံးယောက်ကို မေးတယ်..
ဧည့်ကြို ကောင်လေး ပိုတဲ့ ပိုက်ဆံလာပြန်ပေးလား ဆိုပြီး..
သူငယ်ချင်း သုံးယောက်က လည်း... သူတို့ ဆယ်ဒေါ်လာဆီပေးထားတာကို.. ဧည့်ကြိုကောင်လေးက တစ်ဒေါ်လာဆီ လာပြန်အမ်းသွားတော့.ဒေါ်လာသုံးဆယ်ကျရမှာကို .တစ်ယောက်ကိုးဒေါ်လာစီနဲ့ .. ၂၇ ဒေါ်လာပဲကျလို့ ကျေးဇူးတင်တဲ့ အကြောင်းပြောတာပေါ့.. .။ အဲ့ဒီမှာ.. မန်နေဂျာကြီးက ဒေါသထွက်... ဧည့်ကြိုကောင်လေးကို ခေါ်ပြီး... ရှင်းတော့ပြသာနာကရှုပ်ရော... ဟုတ်တယ်လေ.. ကောင်လေးယူထားတာက ၂ဒေါ်လာ... ပြန်တော့ပေးလိုက်ပါရဲ့.. ဒါပေမဲ့.. ၂၇ ဒေါ်လာ နဲ့  ၂ ဒေါ်လာနဲ့ ပေါင်းမှ.. ၂၉ ဒေါ်လာပဲရှိသေးတာကို.... ဘယ့်နှယ်လုပ်ကြမတုန်း.... ????
ဒီအတိုင်းဆို ဧည့်ကြိုကောင်လေးက တစ်ဒေါ်လာ စိုက်လျော်ရမလိုဖြစ်နေပြီ..
ကဲ.... ရှင်းနိုင်ရင်ရှင်း.. မရှင်းနိုင်ရင် လျော်.... :D :D :D

အဘမှောင်..

No comments:

Post a Comment