Wednesday, September 18, 2013
Loading...
ရွေ့ သွားတဲ့ ဘားတန်းလေးတွေနဲ့ ..
ပြောင်းသွားတဲ့ ဂဏန်းတွကို ထိုင်ကြည့်နေမယ်..။
ဒီရက်ပိုင်း ဆုတောင်းမိတဲ့အထဲမှာ..
မီးလဲ မပျက်ပါစေနဲ့ 
လိုင်းလဲ မကျပါစေနဲ့ ..
စားစရာကို သေခြာမကြည့်ဘဲ.
မျက်တောင်မခတ်ပဲ တစ်ခုခုစားရင်း
ပျောက်သွားတဲ့ မျက်မှန်ကို..
ရှာဖို့ မေ့ချင်ယောင် ဆောင်ရင်း..
စကားပြောရင်း. ထမင်းစားရင်း..
ကော်ဖီသောက်ရင်း.. စဉ်းစားရင်း.
မီးခြစ်ရှာရင်း.. ဆေးလိပ်သောက်ရင်း..
ရယ်မောရင်း .. ကြေကွဲရင်း..
သက်ပြင်းချရင်း.. ဆုတောင်းရင်း..
လည်နေတဲ့ အလုံးကိုထိုင်ကြည့်ရင်း..
အတု အစစ်ခွဲရင်း..
ကိုယ်တိုင် လိမ်ရင်း.. အလိမ်ခံရင်း..
မပြောချင်တာတွေ သိရင်း..
သိတာတွေ မပြောရင်း..
နေ့ စွဲတွေကို နောက်ပြန်ကြည့်ရင်း.
ဒီနေ့ ဘာနေ့ မှန်းမသိရင်း/ မသိချင်ရင်း...။
နေ့ စွဲတွေတဲ့ဖြစ်တည်မှုမှာ. အမှန်တရားရှားတယ်
လူတွေရဲ့ယုံကြည်နိုင်စွမ်းမှာ အမှန်တရားရှားတယ်
အကြွင်းမဲ့ လက်ခံနိုင်ခြင်းမှာ အမှန်တရားရှားတယ်
မှန်ကြည့်ခြင်းမှာ  အမှန်တရားရှားတယ်
ဓါတ်ပုံတွေမှာ အမှန်တရားရှားတယ်..။
ခံစားချက်ကို ကဗျာဖွဲ့ ရင်း
အက္ခရာတွေကို.. အတွေးတွေနဲ့  ကိုယ်စားပြုမိလို့ .
မိုးရွာ မယ်ဆိုလဲ. ရေမကြီးပါစေနဲ့ ..
ထီးတစ်ချောင်း အောက်မှာ...
တစ်ယောက်ထဲလဲ မလျောက်ပါဘူး..
နှစ်ယောက်တွဲလဲ မလျောက်ပါဘူး
ဂစ်တာကြိုးမညီသလို.. စိတ်ဓါတ် ကစဥ့်ကလျားနဲ့ .
ခံစားချက်တွေ ဖိနှိပ်ခံရလွန်းတော့
အရောင်မွဲလာတဲ့ ကမ္ဘာကြီးပေါ်မှာ.
ငါမျက်စိ မှုန်လာတာက.. သိပ်တော့လည်း ပြသာနာမရှိတော့ဘူး.... ။..။
မှောင်ကြီး..
No comments:
Post a Comment