Saturday, February 22, 2014
အစိမ်းချုပ်
ထုံ ဖို့ မေ့ ဖို့ မလိုဘူး
အမုန်းခပ်ထူထူ နဲ့
အရှုံး ဆတူရောပြီး
တစ်နေ့ တစ်ဇွန်း စားရုံနဲ့
ငါ သေမှာပါ
သူမ ပါးသွေးလေး နီ ရဲ ဖို့
နှလုံးသွေး နဲ့ ကာလာ တင်ပေးလိုက်တယ်
ဘလိုင်းကြီး ဆိုတဲ့ စကားကို
လက်ဆောင်ရပြီး နောက်မှ
ငါ့ စိတ် နဲ့ လက် မြန်လာတယ်
ပျဉ်ဖိုး နားလည် အောင်
ငါ့ကို သတ်ပေးခဲ့လို့
ကျေးဇူးပါ မိန်းကလေး
၂၅ကျပ်တန် ဖြတ်စာလေးတွေနဲ့
ငါ တန်ဖိုးကို ငါ နားလည် လိုက်မယ်
မင်းပြောတဲ့ ခိုင်မြဲ ပါတယ်ဆိုတဲ့
သံယောဇဉ်က ဒါလား ကွာ
ငါ့ ဘယ်ဘက် ရင်အုံမှာ
မင်း ပစ်ခဲ့တဲ့ အမှတ်တရတွေ
စိုက်နေတုံးပဲ
မနှုတ်တော့ဘူး
အကုန်လုံး ထိုးထည့်ပြီး
ပိတ်ထားလိုက်တော့မယ်
ငါ နစ်မြုပ်နေမှာပါ ။ ။
Maung Ardam
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment