လက်ဆောင်လွင့်တဲ့ ငါ့ ကောင်းကင်
တိမ်တိုက်ထဲမှာ လေ နန်းတော်တည်
သံ မစူးခင် ခြေဖျားထောက်တဲ့ ငါ
မုသား ၀ါဒ ပြဇာတ်ထဲမှာ ပြည်စုံခြင်းအတိပြီးနေတဲ့ ငါ
ငါ ဆိုတာ..........
ဖြုချင်ယောင်ဆောင်တဲ့ မီးသွေးတုံး
သန့်ရှင်းချင်ယောင်ဆောင်တဲ့ မစင်တုံး
ပတ္တမြားယောင်ဆောင်တဲ့ ကျောက်တုံး
ပညာရှိယောင်ဆောင်တဲ့ နလပိန်းတုံး
ဘာဖြစ်တုံး.........................
ငါ က......ငတုံး.....။
ငါပဲ...စိန်ခေါ်...ငါပဲ...ပြန်ဝပ်
ငါပဲ...အပြောကြီး...ငါပဲ...ရွှေအ
ငါပဲ...ထွီထွေး...ငါပဲ...ပက်လက်မျှော
ငါပဲ...မီးရှို့...ငါပဲ...ပြာကျ
နောက်ဆုံးတော့
ဘာအရေပဲ ခြုံခြုံ...........
ငါ ဟာ........ ငါ ပဲ.....။ ။
Mr.13
No comments:
Post a Comment