ခဏခဏ ကြည့်မိတဲ့
မျက်ဝန်းတစ်စုံဟာ
ခံစားချက်ဖြစ်ပေါ်ရာ
နှလုံးသားတစ်စုံကို
ပိုင်ဆိုးထားရဲ့
နှလုံးသားရဲ့
တစ်နေရာမှာ ဖြော်ပလို့မရနိုင်တဲ့
ဘာသာစကားတခုနဲ့
မင်းရဲ့ နာမည်လေးကို
ရေးထိုးထားပါတယ်......
အချိန်တွေဘယ်လိုဟောင်း
ရာသီတွေဘယ်လိုပြောင်းပါစေ
နှလုံးသားမှာ
မင်းရဲ့နာမည်
ဘယ်တော့မှ
မှေးမိန်သွားမှာမဟုတ်ပါဘူး
ဆဲလ်တွေဖြစ်လိုက်
ပျက်လိုက်နဲ့
ကောင်မလေးရေ
မင်းရဲ့နာမည်ကို
နှလုံးသားမှာ ငါ့နှလုံးသွေးတွေစီးဆင်းနေသရွေ့
မပျောက်မပျက်တည်ရှိနေဦးမှာပါ..........
(ဝေယံထက်)
မိုက်လှရီလား သယ်ရင်းကျေးဇူးပဲ :)
ReplyDelete