Saturday, March 30, 2013

အမှားတွေ



ဘဝစထဲက မှားလာလိုက်တာ
ခုထိလဲမမှန်သေးဘူး
အမှားတွေထဲ သင်ခန်းစာယူ
အမှားတွေထဲ ထပ်ကာထပ်ကာ
မှားနေရင်း နောင်တတွေရ
အမှန်တွေထပ်ရှာရင်း
မှားမှန်းမသိဘဲဆက်မှား
မှားနေတာတွေကိုပြင်ဖို့
ကြိုးစားရင်ခုထိ ………
မှားကောင်းနေဆဲ ဒီလိုနဲ့
အမှားတွေထဲ သံသရာလည်
အမှားတွေနဲ့တိုင်ပတ်
အမှားတွေနဲ့ပျော်မွေ့
နောက် ဆုံး ကြ တော့
မှန် တယ် ဆို တာ တောင်
ဘာ မှန်း သိ တော့ ဘူး
ဒါ ပေ မဲ့ ………………
နင့်ကို အရမ်းချစ်တယ်ဆိုတာတော့
ငါ့ဘဝရဲ့ တစ်ခုတည်းသော
အ မှန် တ ရား ပါ ကွယ် ♥

NSP (ခ) အောင်စိုပြေ

No comments:

Post a Comment