Friday, March 29, 2013

တိမ်လိုလူ


 တိမ်လိုလူ

ဘ၀ကိုခဏ ခဏ ပြန်စမ်းစစ်တော့
ရည်ရွယ်တာတွေဟာ သောက်သောက်လဲ
မှန်းသမျှနဲ့  အခါခါလွဲခဲ့တော့
မာနတွေ.ရေမှာချ..လို့ ..ငါမျှောပစ်လိုက်မိတယ်.။

နေ့ စွဲတွေ တစ်ရက်တစ်ရက်တိုးလာတိုင်း
ကြီးလာခဲ့နဲ့ အသက်တွေက..
တဖြည်းဖြည်းတန်ဖိုးမဲ့လာတော့
ဘ၀ကိုမြေမှာချ.. ငါ ပစ်ထားပေးလိုက်တယ်..။

ပျော်စရာဆိုတာ.
မနက်ပိုင်းကျတတ်တဲ့မြူ တွေလို
ဟိုအဝေးမှာ ခပ်ဝါးဝါး ခပ်မှိန်မှိန်နဲ့ ..
အနာဂတ်နဲ့ ထပ်တူကျခဲ့တယ်..။

ဘ၀က စိတ္တဆန်တဲ့ညနေတစ်လို
အသက်ဓါတ် မဲ့လွန်းအားကြီးတော့
ဖြစ်ချင်ရာဖြစ်..သွားစမ်းကွာဆိုပြီး
တွယ်တာမှုခပ်ကင်းကင်းနဲ့  .လွှတ်ပေးလိုက်တော့
ဖြစ်လာတယ်..."တိမ်လိုလူ"တဲ့...။  ။


(မှောင်ကြီးဆိုတဲ့ကောင်ရေးခိုင်းလို့ ရေးတာပါခင်ည.အမှားပါရင်ဗွေမယူကြေး..)

1 comment: