Saturday, March 30, 2013

တစ်တိုထဲတို


အချိန်တွေကြာလာတာနဲ့ 
သံယောဇဉ်တွေက အစီခံနားကို
တစ်ဖြည်းဖြည်း ကပ်လာတယ်။
အချစ်တွေ လောင်ကျွမ်းခံရတော့
မျှော်လင့်ချက်တွေက မီးခိုးငွေ့ တွေလို
အိမ်မက်ထဲအထိတောင်.
မမြဲပေမဲ့ မျော..တတ်တယ်။
ခံစားချက်တွေကို သက်ပြင်းနဲ့ ရောလို့ 
ခပ်ပြင်းပြင်းမှုတ်ထုတ်.
အလွမ်းတွေကို ခပ်တိုးတိုး ရှိုက်တတ်လာတော့
အချစ်ကို စွဲမက်ခြင်းအတွက်
ခပ်ယဲ့ယဲ့ဘဝကို စတေး.
ငါ့အဖြစ်က.
တစ်တိုထဲတိုနေတဲ့ဆေးလိပ်ကို
နှမြောပြီး မပစ်ရက်သလိုပဲ. ။

မှောင်ကြီး/James



2 comments:

  1. ၀ါး.....မိုက်လဒယ်ကွ....
    အစကအဲလောက်မထင်ခဲ့တာ.....ပိစိကွေးတေးလေးတော့ အထင်ကြီးသွားပြီဗျို......:P

    ReplyDelete
    Replies
    1. အယ်.. ဘယ်လိုပြောရမလဲ.. ကျေးဇူးတင်ပါတယ်ခင်ညာ့ ဟီးးးး

      Delete