Monday, April 1, 2013

ကြီးမြတ်ခြင်း သို့ အထင်ကြီးခြင်း


ကြီးမြတ်ခြင်း သို့ အထင်ကြီးခြင်း

မေးချင်တယ် လောကကြီးရယ်
ကြီးမြတ်ခြင်းဆိုတာ ဘာပါလဲ

ရုပ်ရည် ချောမောတာလား
ငွေကြေးဥစ္စာကြွယ်ဝချမ်းသာတာလား
သြဇာတိကမ ရှိတာလား
ဂုဏ်သတင်းကျော်ဇောတာလား

ဒါပေမယ့် လွဲနေတာလေးတွေရှိတယ်
လူတချို့က အထင်ကြီးအောင်နေတယ်
တချို့က သာမန် ဖာသီးဖာသာနေတယ်

ဘယ်သူက အစစ်အမှန်ပါလဲ
ရုပ်ရည်ချောမောအောင်ပြင်ဆင်မှလား
မည်မျှချမ်းသာကြောင်းကြွာဝါပြမှလား
အာဏာပါဝါထုတ်ပြမှလား
ကျော်ကြားမှုတွေကို လူသိအောင်လုပ်မှလား

ရယ်တော့အရယ်ရသား
ကောသလမင်း အိမ်မက်လို
ခုတော့ အရာအားလုံးကပြောင်းပြန်တွေဖြစ်လို့

မရှိခိုးနိုး မလှစုန်းမျိုး
လူတွေထင်ကြလေတယ်
တကယ့်အနှစ်သာရ
ဘ၀နဲ့ဝေးကွာတယ်
ဘယ်ခါမှ အမှန်မြင်နိုင်ကြပါလိမ့်

ဟောင်လွန်းသောခွေး လူမလေးပါဘူး
ကိုက်သောခွေးကလဲ အသံကျယ်ကျယ်မဟောင်ပါဘူး
သင်္ကြန်အမြောက်လူတွေကြိုက်ကြတယ်
 တော်တော်လေးလွဲနေတဲ့ လောကလူ့ဘောင်

ဝေယံထက်

No comments:

Post a Comment