Sunday, April 28, 2013

စဉ်းစားကြည့်ပါ...ဖြေပါ...?

လ တစ်လထဲမှာ......
ရက်ပေါင်း... ၃၁ ရက်
နာရီပေါင်း... ၇၄၄ နာရီ
မိနစ်ပေါင်း... ၄၄၆၄၀ မိနစ်
စက္ကန့်ပေါင်း.. ၂၆၇၈၄၀၀ စက္ကန့်
ပါဝင်ဖွဲ့စည်းထားတယ်.....

သင်ရဲ့ တစ်လတာ ရှင်သန်ခြင်းမှာ
မုသား ဘယ်နှစ်ရက်..? အမှန်တရား ဘယ်နှစ်ရက်..?
ဘယ်နှစ် နာရီ သုံးလဲ..၊ ဘယ်နှစ် နာရီ ဖြုန်းလဲ..?
လှူပ်မရ တဲ့ ကျပ်တည်းမှူ ဘယ်နှစ် မိနစ်..? အချူပ်နှောင်မဲ့ လွတ်လပ်ခြင်း ဘယ်နှစ်မိနစ်..?
ကောက်ကျစ်မှူ ဘယ်နှစ်စက္ကန့် ...? ပရဟီတ ဘယ်နှစ် စက္ကန့် ...?
ပါဝင်ဖွဲစည်းထားလဲ...... ဖြေပါ..?

သင်ဘ၀ရဲ့ အချစ်အတွက် ခံယူချက်ထဲမှာ....
အစစ်အမှန် ဘယ်နှစ်ရက်..? အပေါ်ယံသာယာမှူ ဘယ်နှစ်ရက်...?
တစ်ဦးထဲ ကို လေးလေး နက်နက် ဘယ်နှစ်နာရီ....? မန္တလေး ထိုးမုန် လို့ ဟိုမြည်းဒီမြည်းဘယ်နှစ်နာရီ...?
တဏှာရမ္မက် အတွက် ဘယ်နှစ်မိနစ်..? ဖြုစင်တဲ့ အချစ်စစ်အတွက် ဘယ် နှစ်မိနစ်..?
စွန်လွှတ် ပေးဆပ်ခြင်းအတွက် ဘယ်နှစ် စက္ကန့် ..?
ရယူသိမ်းပိုက်ခြင်းအတွက် ဘယ်နှစ်စက္ကန့် ...?

ပါဝင် ဖွဲစည်းထားလဲ...ဖြေပါ...?
ကဲ...သင် တို့ အားလုံး ကိုယ်ပေါင့် ကို လှန် ထားလိုက်ပါ...
ဖြစ်နေတာနဲ့ ဖြစ်တော့မှာ ကို ၀န်ခံ စဉ်းစားပြီး...
တစ်ယောက်ထဲ...
အားရ ပါးရ ထောင်းလိုက်ရအောင်.....
                                             Mr.13
P.S: ဆရာ ညီမင်းညို ရဲ့ ရေးနည်းကို တုပပြီး..ကိုယ်ပိုင်စကားလုံးများဖြင့်ရေးဖွဲ့ ထားကြောင်းဝန်ခံပါသည်..။

No comments:

Post a Comment