Sunday, April 28, 2013

ဒီဇာတ်လမ်းမှာ.......ငါဟာလူကြမ်းပါ.......။



မင်း မျက်နှာလေးနဲ့ ဘ၀မေ့နေတာ
မင်းသားကမိုးပေါ်မှာ.............
သူမဆီ တစ်လှမ်းခြင်း...........
အဲဒီတော့မှ လက်သီးတစ်လုံးနဲ့ ကျွမ်းထိုးမိတယ် .....။

မဲပြာ ပုဆိုးဇာတ်လမ်းတွေ အသဲစွဲနေရင်း
ဇာတ်လမ်းထဲမှာ ဗီလိန် ဖြစ်သွားတဲ့ ငါ
ငါရဲ့ အချစ်တွေကို သူမက .....အော်ကလီဆန်သတဲ့
နူးညံသိမ်မွေမှူက ပိုင်ဆိုင်သိမ်းပိုက်မှူ အဖြစ်အပြောင်း..........
ငါ့ ပါးတစ်ဖက်တစ်ချက်စီမှာ လက်သီးနဲ့ လက်ဝါး
ဒုန်ဆိုင်းနင်းဖြတ် ................
အချစ်ခြင်းတူရင်တောင်
တံတွေးခွက်ထဲမှာ အသဲကွဲရတဲ့ ကောင်

ကြီးမြတ်ခမ်းနားတဲ့ အချစ်က BlackList ထဲ အရောက်

ထုံးစံအတိုင်း....................ရှေ့က စီနီယာတွေလို့

ဝီစကီ ကကြိုး၊ ဘီယာ ပတ်ပျိုး ကင်းလွှတ်တဲ့
အဖြုရောင်ထဲ စီးမျှောလိုက်တယ်........
ကျေးဇူးပြုပြီးတစ်ယောက်လောက် သနားပေးပါ
ရေ တစ်ခွက်နဲ့ ဖြစ်ဖြစ်ပေါ့။ ။
Mr.13

No comments:

Post a Comment