Thursday, April 24, 2014

မြန်မာ Devil Prown (ပုဇွန်အစပ်ကြော်ချက်)




မြန်မာ Devil Prawn (ပုဇွန်အစပ်ကြော်ချက်)

ကျွန်တော့်ညီအစ်ကို မောင်နှမများအတွက် ပူအိုက်ခြောက်သွေ့တဲ့ရာသီဥတုကို ပူပူစပ်စပ်အစားအစာတွေ
စားပြီး အံတုခုခံနိုင်ဖို့ ပုဇွန်ဟင်း Devil Prawn ကိုမိတ်ဆက်တင်ပြပေးလိုက်
ပါတယ်။ ချက်လိုက်ရအောင်..

၁။ ပုဇွန် (၁လက်မခွဲအရွယ်၊ အခွံခွာ အမြီးချန် ချေးကြောင်းထုတ် သန့်စင်ထားပါ) ၁၅ သား
၂။ ဆား (လက်ဖက်ရည်ဇွန်း) တစ်ဝက်
၃။ သကြား (လက်ဖက်ရည်ဇွန်း) ၃ ပုံ ၁ ပုံ
၎။ နနွင်းမှုန့် အနည်းငယ်
၅။ ဆီ (စားပွဲဇွန်း) ၂ ဇွန်း
၆။ ငရုတ်သီးအစိမ်းမှုန့် (လက်ဖက်ရည်ဇွန်း) ၂ ဇွန်း
၇။ ကြက်သွန်နီ (စဉ်းထားပါ) ၁ ဥ
၈။ ကြက်သွန်ဖြူ (စဉ်းထားပါ) ၄ တက်
၉။ ငါးပိစိမ်းစား (ရေအနည်းငယ်နှင့်ဖျော်ထားပါ) မန်ကျဉ်းစေ့နှစ်လုံးခန့်
၁၀။ ငံပြာရည် (လက်ဖက်ရည်ဇွန်း) ၂ ဇွန်း
၁၁။ ရေနွေး အနည်းငယ်
၁၂။ ငရုတ်သီးစိမ်း (အညှာမခြွေဘဲ ထက်ခြမ်းခွဲထားပါ) ၅ တောင့်
၁၃။ ပင်စိမ်းရွက် (နုသောအဖျားပိုင်း) ၃ ပင်

ချက်ပြုတ်ပုံအဆင့်ဆင့်

၁။ ပထမဦးစွာ သန့်စင်ပြီးပုဇွန်များကို ဆား သကြား နနွင်းမှုန့်တို့နှင့် နှံ့စပ်အောင်နယ်ထားပါ။

၂။ ဆီအိုးကိုအပူပေးပြီး ကြက်သွန်ဖြူ နီများခြောက်လာအောင်ဆီသတ်ပါ။

၃။ အရသာနယ်ထားသော ပုဇွန်များထည့်မွှေကြော်ပေးပါ စိမ်းစားငါးပိနှင့်အရောင်တင်မှုန့်ထည့်ပါ။

၎။ ငါးပိအရည်ခြောက်ပြီး ငရုတ်သီးနံ့မွှေးလာလျင် ပုဇွန်များလည်းကွေးလာပါလိမ့်မည်။
၅။ ငံပြာရည်ထည့်ပြီး ဟင်းအိုးခြောက် နေလျင်ရေနွေးအနည်းငယ်ထည့်ပါ။
၆။ ထက်ခြမ်းခွဲထားသောငရုတ်သီးစိမ်းများထည့်မွှေပါ။
၇။ နောက်ဆုံးမှ ပင်စိမ်းရွက်အုပ်ပေးပြီး ချက်ပြုတ်ခြင်းအဆုံးသတ်ပါ။

No comments:

Post a Comment